1031 - 1035

145 11 0
                                    

အပိုင်း(၁၀၃၁)ဒြပ်စင်ငါးခုဂိုဏ်း

     “ခေါင်းဆောင်ယဲ့…ခင်ဗျားဘာလုပ်တာလဲ"
  သွမ့်လင်းထျန် သူ့ရှေ့က မြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားသည်။
     ယဲ့ထင်ဘေးက လူအများစုသည် သက်ကြီးရွယ်အိုများဖြစ်ပြီး အသက်အရွယ်အရ သူ့အဘိုးအရွယ်လောက်ပင်ရှိသည်။
     သို့သော်လည်း ယခု၌ ထိုအဘိုးအိုများ သူ့ကို ဦးညွှတ်နေခြင်းက သူ့ကို အနည်းငယ်မသက်မသာဖြစ်စေသည်။

      “ညီလေးသွမ့်… မင်း ကျုပ်တို့ယဲ့ကလန်ကိုလုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်…ဒီနေ့ကစပြီး မင်းက ကျုပ်တို့ယဲ့ကလန်ရဲ့ အလေးစားရဆုံးဧည့်သည်ပဲ…တကယ်လို့ မင်းလိုအပ်တာတစ်ခုခုရှိရင် ကျုပ်တို့ယဲ့ကလန်က ဘာမဆို ကူညီပေးမှာပါ"
    ယဲ့ထင် လေးနက်သော မျက်နှာအမူအရာဖြင့်ပြောလိုက်သည်။

     “ခေါင်းဆောင်ယဲ့ ဒီလိုမျိုးလုပ်စရာမလိုပါဘူး"
     သွမ့်လင်းထျန်  ခေါင်းယမ်း၍ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
      “ဒါ့အပြင် ကျုပ်ဒီလိုဟာတွေမကြိုက်ဘူး…အားလုံးကို သက်တောင့်သက်သာနေခိုင်းပါ…ရွှမ်လေး ပြန်ကြရအောင်"
      သွမ့်လင်းထျန် ပြောလိုက်ပြီး ယဲ့ရွှမ်ကိုခေါ်၍ လျင်မြန်စွာထွက်ခွာသွားသည်။

     ထိုအချိန်၌ ယဲ့ထင်နှင့် တခြားသူများသည် ခါးသက်သောအပြုံးများဖြင့်ရှိနေကြသည်။

    ယဲ့ကလန်၏ အကြီးအကဲအုပ်သည် အဝေးတွင်ပျောက်ကွယ်သွားသည့် သွမ့်လင်းထျန်၏ ပုံရိပ်ကို ကြည့်ရင်း သူတို့၏ မျက်နှာထက်တွင် လေးစားသော အမူအရာများပြည့်နှက်နေသည်။
     သူတို့ခေါင်းဆောင်ထံကနေ ချန်းကလန်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စများကို ကြားခဲ့ရပြီး ထိုခရမ်းရောင်အ၀တ်အစား၀တ်လူရွယ်  သူတို့ယဲ့ကလန်တွင်နေလိုခြင်းမှာ သူတို့ ယဲ့ကလန်တစ်ခုလုံးအတွက် ကံကောင်းခြင်းဖြစ်ကြောင်းကို သူတို့သိသည်။
       အချိန်ကြာမည်မဟုတ်သည့်တိုင် ၎င်းက ကံကောင်းမှုကြီးတစ်ခုဖြစ်သည်။

      “အစ်ကိုကြီးသွမ့်…ညီမလေး အဖေ့ဆီကနေ အကုန်လုံးကြားပြီးပြီ…အစ်ကိုကြီးက တကယ်မိုက်လိုက်တာ"
    လမ်းတွင် ယဲ့ရွှမ်က သွမ့်လင်းထျန်ကိုလေးစားသော မျက်နှာအမူအရာဖြင့်ကြည့်၍ ပြုံးပြလိုက်သည်။
      “တကယ်လို့ ညီမလေး အစ်ကိုကြီးလောက်အစွမ်းထက်ရင် ညီမလေးအဖေကို ကူညီပြီး ယဲ့ကလန်ကိုကာကွယ်ပေးနိုင်မှာ"

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now