1166 - 1170

107 9 0
                                    

အပိုင်း(၁၁၆၆)သွမ့်လင်းထျန်၏ ဒေါသ

     “အကြီးအကဲတစ္ဆေ"
    ကျီရှန့်သည်  အဆင့်နှစ်ဝိညာဉ်လက်နက်လှံနှင့်အတူ ရပ်နေသော်လည်း သွေးများဆက်တိုက်အန်နေပြီး မြေပေါ် ဒူးတစ်ဖက်ထောက်ချလိုက်သည်။
      သွေးများဆက်အန်နေရင်း သူ့ရှေ့က မြေပြင်က သွေးမြစ်တစ်စင်းပမာဖြစ်နေသည်။
      ထိုအချိန်၌ သူခံစားနေရသောအရာမှာ သူခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်များကုန်ဆုံးခြင်းဖြစ်သည်။

      သူမှာ သွမ့်လင်းထျန်တိုက်ခိုက်ဖို့ အားအင်မကျန်တော့ပေ။  ဤကဲ့သို့ အခြေအနေတွင် သူအားကိုးနိုင်သည့်တစ်ခုတည်းသော အရာမှာ သူ့ခန္ဓာကိုယ်ထဲတွင်ပုန်းနေသော တစ္ဆေမီးလျှံဖြစ်သည်။
      သို့သော်လည်း ယခုတစ်ခေါက်၌ တစ္ဆေမီးလျှံက သူ့ကို မတုံ့ပြန်ချေ။

       “ အကြီးအကဲတစ္ဆေ…အကြီးအကဲတစ္ဆေ"
     ကျီရှန့် စိုးရွံ့စွာဖြင့် ဆက်ခေါ်လိုက်သည်။
    သို့သော်လည်း အကြီးအကဲတစ္ဆေသည် လုံး၀ပျောက်ကွယ်သွားသည့်ပမာ သူ့အား ဘာမှမတုံ့ပြန်ပေ။

    ထိုအချိန်တွင် ကျီရှန့်သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း နားလည်လိုက်သည်။
     သို့ဖြစ်သဖြင့် သူ့ဆီသို့ လျှောက်လှမ်းလာသည့် ခရမ်းရောင်အဝတ်အစားဝတ်လူရွယ်က်ိုခက်ခက်ခဲခဲ မော့ကြည့်လိုက်သည်။
       ခရမ်းရောင်အဝတ်အစားဝတ်လူရွယ်၏ လက်ထဲတွင်ရှိသော ကျောက်ပြားကိုမြင်ချိန်၌ သူ၏ နှလုံးသား တုန်ခါသွားသည်။
     အကြီးအကဲတစ္ဆေသည် အဘယ်ကြောင့် သူ့အား လျစ်လျူရှုထားကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။
      သွမ့်လင်းထျန်သည် တစ္ဆေမီးလျှံကို ဖိနှိပ်နိုင်သည့် နတ်ဆိုး ကျောက်ပြားကို ထုတ်ယူထားသည်။
     သဘာဝကျကျပင် တစ္ဆေမီးလျှံသည် သူ့အား ကူညီဖို့မဖြစ်နိုင်ဟု ဆိုလိုသည်။

       “သွမ့်လင်းထျန်"
    ကျီရှန့်သည် အနီးတွင်ရှိသော ခရမ်းရောင်အဝတ်အစားဝတ်လူရွယ်ကိုကြည့်၍ အံကြိတ်လိုက်သည်။
       သူ၏ မျက်လုံးထဲတွင် ခါးသီးသော အရိပ်အငွေ့များလည်းရှိသည်။ သူသေတော့မည်ဆိုတာကို သူသိသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDove le storie prendono vita. Scoprilo ora