1131 - 1135

107 5 0
                                    

အပိုင်း(၁၁၃၁)ကြောက်ရွံ့မှု

       မှော်ကမ္ပည်းအစီအရင်ဖွဲ့စည်းပြီး နှစ်တစ်ထောင်အကြာတွင် ပွင့်ဖို့ လျှို့ဝှက်ရတနာသိုက်ကို ချန်ထားခဲ့ခြင်း…
     ထိုနည်းလမ်းက မည်မျှအစွမ်းထက်ပါသနည်း…

         သွမ့်လင်းထျန်နှင့် တခြားအရင်းအမြစ်တချို့မှ သိထားသည်မှာ ကြာပြီဖြစ်သော အဆင့်မြင့်ပုဂ္ဂိုလ်များမှတစ်ပါး အားလုံးသည် ကြက်သေသေကာ အလွန်အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုများကို အထင်းသားတွေ့မြင်နိုင်သည်။
      သိုင်းအင်ပါယာတစ်ယောက်၏ စွမ်းပကားက သူတို့၏ မျှော်မှန်းချက်များထက် လုံး၀ကျော်လွန်သည်။

        တစ်ချိန်လုံး ပိုင်အန်း၏ ဘေးတွင် တိတ်ဆိတ်စွာရပ်နေသော ကျန်းရန်ပင်လျှင် ထိုအချိန်၌ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

       “ဒီကျန်းရန်က အရင်တစ်ခေါက်နဲ့ ယှဉ်ရင် နည်းနည်းကွဲပြားနေသလိုပဲ"
      အစောပိုင်းက ခံစားချက်ဖြတ်တောက်ခြင်းဂိုဏ်းမှ လူများရောက်လာချိန်တွင်  သွမ့်လင်းထျန်သည် ကျန်းရန်ကို နှစ်ကြိမ်လောက်သာကြည့်ခဲ့ပြီး ဂရုမစိုက်ခဲ့ပေ။
     ထို့ကြောင့် ကျန်းရန်၏ သေးငယ်သော  အပြောင်းအလဲများကို သတိမထားမိခဲ့ပေ။
     သို့သော်လည်း ယခု၌ သူ သေချာဂရုစိုက်ကြည့်မိသောအခါ ခြားနားမှုတချို့ကို သတိပြုမိလိုက်သည်။
    ယခုကျန်းရန်သည် လွန်ခဲ့သော လအနည်းငယ်နှင့် နှိုင်းယှဉ်ကြည့်ပါက သူ့ခန္ဓာကိုယ်မှ ထူးခြားပြီး ဖော်မပြနိုင်သော  အရှိန်အော်ရာတစ်မျိုးထွက်ပေါ်နေသည်။
         သူသည် မကြာသေးမီ လအနည်းငယ်အတွင်းတွင် တစ်ခုခုဖြစ်ပျက်ခဲ့ကြောင်းကို သွမ့်လင်းထျန် ရှင်းရှင်းလင်းလင်းသဘောပေါက်လိုက်သည်။

    သွမ့်လင်းထျန်သည် သိချင်စိတ်များနှင့်အတူ သူ၏ စိတ်စွမ်းအားကိုထုတ်ဖော်၍ ကျန်းရန်ကို လွှမ်းခြုံလိုက်သည်။
     ကျန်းရန်၏ သိုင်းအဆင့်က ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်(၇)ဖြစ်ကြောင်း သူချက်ချင်းခံစားလိုက်ရသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now