1076 - 1080

140 12 0
                                    

အပိုင်း(၁၀၇၆)စက္ကူဆယ်ရွက်

      “ပထမနေရာမလိုပါဘူး…ဒုတိယရရင်ကို ကောင်းနေပါပြီ"
     ချီယုသည် သွမ့်လင်းထျန်ကိုကြည့်ကာ ခေါင်းယမ်း၍ ပြုံးပြလိုက်သည်။
       “မင်းလည်း အဲလိုပဲထင်တယ်မလား  သွမ့်လင်းထျန်"

      “ကျုပ်အကောင်းဆုံးကြိုးစားမှာပါ"
       သွမ့်လင်းထျန် စိတ်အားထက်သန်စွာပြောလိုက်သည်။

      “ငါမင်းကိုယုံတယ်"
     ချီယု ခေါင်းညိတ်လိုက်သည်။

      ………

     ဒြပ်စင်ငါးခုဂိုဏ်း၏ ဂိုဏ်းချုပ် ကောချုံရှိသည့် နေရာတွင်…

    သူ့ဘေး၌ နောက်ထပ်အပိုပုံရိပ်နှစ်ခုရပ်နေသည်။
     လူရွယ်နှစ်ယောက်လုံးက ရုပ်ချင်းဆင်ကာ အမြွှာများဖြစ်ပြီး တစ်ယောက်က အနီရောင်၀တ်ထားကာ တစ်ယောက်က အစိမ်းရောင်ဝတ်ထားသည်။
     သူတို့က နန်းကုန်းချန်းနှင့် နန်းကုန်းရီတို့ဖြစ်သည်။
    နှစ်ဦးလုံးသည် ကောချုံ၏ တိုက်ရိုက်တပည့်များဖြစ်သည်။ နန်းကုန်းချန်းပဲဖြစ်ဖြစ် နန်းကုန်းရီပဲဖြစ်ဖြစ် နှစ်ဦးလုံးသည် ပင်ကိုပါရမီအလွန်ကောင်းမွန်သော ပါရမီရှင်များဖြစ်သည်။ သူတို့သည် အသက်သုံးဆယ်စွန်းစွန်းလေးသာရှိသေးသည့်တိုင်  ဒြပ်စင်ငါးခုဂိုဏ်း၏ လူငယ်မျိးဆက်များထဲတွင် ခေါင်းဆောင်ဖြစ်နိုင်နေပြီဖြစ်သည်။

       “ပြဿနာတစ်ခုခုရှိလား"
     ကောချုံ ရုတ်တရက်မေးလိုက်သည်။  သူ့ဘေးက တပည့်နှစ်ယောက်ကို မေးနေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

       “သူက သွမ့်လင်းထျန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး"
    သူ့အား အံ့အားသင့်စွာပင် ယခုတစ်ခေါက်၌ သူ့မေးခွန်းကို ဖြေသူမှာ နန်းကုန်းရီမဟုတ်ဘဲ ပုံမှန်အားဖြင့် အေးစက်စက် မျက်နှာအမူအရာရှိနေတတ်သည့် နန်းကုန်းချန်းဖြစ်သည်။
      သူ ကောချုံ၏ မေးခွန်းကို ဖြေချိန်၌ နန်းကုန်းချန်း၏ ပုံမှန် အေးတိအေးစက်မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားသည်။

       “အိုး"
    ကောချုံ၏ မျက်လုံးထဲ ခပ်မှိန်မှိန်အလင်းတစ်ခု လက်သွားသည်။ သူ သိချင်စိတ်ဖြင့် မေးလိုက်၏။
      “မင်းဘာလို့ ဒီလိုပြောတာလဲ"

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora