1231 - 1235

88 6 0
                                    

အပိုင်း(၁၂၃၁)မဖိတ်ခေါ်ထားသောဧည့်သည်များ

     ဖုန်ထျန်းဝူနှင့် ရှုံံချွမ်တို့သည့် သွမ့်လင်းထျန်၏ စကားကို သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် သွမ့်လင်းထျန် ဆိုလိုသည့်အရာကို နားလည်သည်။
     သူတို့ ဤနေရာမှ ထွက်သွားပြီးသည့်နောက်တွင် ဓားတာအိုကို နားလည်နိုင်ရန်  နံရံပေါ်ရှိ ‘ဓား’ဟူသည့်စာလုံးကို  မည်သည့်အချိန်တွင်မှ ပြန်ကြည့်နိုင်မည်ဖြစ်ကြောင်းကို မည်သူမျှ မသိပေ။

     လက်ရှိအချိန်၌ ၎င်းကို ကြည့်ရှုဖို့အချိန်အပြည့်အဝရသောကြောင့် စာလုံးမှရရှိသော  လျှို့ဝှက်အချက်အလက်များကို အလွတ်ကျက်မှတ်ပြီး ဖြည်းဖြည်းချင်းနားလည်အောင် ကြိုးပမ်းရမည်ဖြစ်သည်။
     သူတို့သည် ၎င်း၏လျှို့ဝှက်ဆန်းကြယ်သောအချက်အလက်များကို နားလည်သည်နှင့် သူတို့၏ ဓားတာအိုပညာကို နားလည်သဘောပေါက်ခြင်းနှင့် ညီမျှသည်။ ၎င်းသည် သူတို့၏စွမ်းရည်ကို များစွာတိုးတက်စေလိမ့်မည်ဖြစ်သည်။

     “ငါတို့ မှတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီးမှတ်ရမယ်…”
      သွမ့်လင်းထျန်သည် လေးနက်စွာပြောလိုက်ပြီးနောက် အနီးတွင်ရှိသော နံရံကို ကြည့်လိုက်သည်။ တိကျစွာဆိုရပါက သွမ့်လင်းထျန်၏ အကြည့်သည် ‘ဓား’ဟူသည့်စာလုံးပေါ်သို့ အပြည့်အဝအာရုံစိုက်လိုက်ခြင်းဖြစ်သည်။
     သူတို့သည် စာလုံးကို သူတို့နှင့်အတူ မယူသွားနိုင်သောကြောင့်  သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှ စာလုံးထံမှ အချက်အလက်များကို တက်နိုင်သမျှမှတ်သားဖို့ဖြစ်သည်။
      လျှို့ဝှက်အချက်အလက်များသည် အနာဂတ်တွင် သူတို့ကို အကျိုးရှိစေလိမ့်မည်ဖြစ်သည်။

     ဖုန်ထျန်းဝူသည် သွမ့်လင်းထျန်က နံရံပေါ်တွင်ရှိသည့်စာလုံးကို စွဲစွဲလမ်းလမ်းကြည့်နေသည်ကိုမြင်ချိန်၌ သူမသည်လည်း နှောင့်နှေးခြင်းမရှိဘဲ စာလုံးကို အလျင်အမြန်ကြည့်လိုက်သည်။

     ဖုန်ထျန်းဝူသည် စာလုံးကိုကြည့်ပြီး ဈာန်ဝင်သွားချိန်၌ ရှုံချွမ်လည်း လှုပ်ရှားလိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora