အပိုင်း(၁၁၇၁)အလယ်ဗဟိုသို့သွားခြင်း
“ကျီရှန့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဝိညာဉ်အကြွင်းအကျန်က နတ်ဆိုးကျောက်ပြားက ဖြစ်မယ်…ဘယ်လိုပဲဖြစ်ဖြစ် သူက နတ်ဆိုးကျောက်ပြားအပိုင်းအစတစ်ခုကို ရခဲ့တယ်"
“ပိုအရေးကြီးတာက ကျီရှန့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေတဲ့ ဝိညာဉ်အကြွင်းအကျန်က နတ်ဆိုးကျောက်ပြားအကြောင်းသိတဲ့ သိုင်းအင်ပါယာအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လိမ့်မယ်…သူက နတ်ဆိုးကျောက်ပြားရဲ့ နောက်ကြောင်းကိုလည်းသိနိုင်တယ်"
“ဒီလိုဆိုရင် သူက နတ်ဆိုးကျောက်ပြားရဲ့ တန်ဖိုးကိုလည်း သိလိမ့်မယ်…ဆိုလိုတာက ကျီရှန့်က ငါ့ကို ချောက်မချနိုင်ဘူး…တကယ်လို့ ငါသာအသတ်ခံရရင် နတ်ဆိုးကျောက်ပြားက တခြားလူတွေရဲ့ လက်ထဲရောက်သွားလိမ့်မယ်"
သွမ့်လင်းထျန် မိနစ်အနည်းငယ်အတွင်းမှာပင် များစွာတွေးတောလိုက်သည်။
ပထမဆုံးအနေဖြင့် ကျီရှန့်သည် နတ်ဆိုးကျောက်ပြား၏ တန်ဖိုးအား သိမည်ဖြစ်ကြောင်း သေချာသည်။
သူကောင်းကင်ဝံပုလွေခံတပ်က ဒုခံတပ်မှူးလေးယောက်၏ လိုက်လံသတ်ဖြတ်ခြင်းခံရခြင်းမှာ ကျီရှန့်က နတ်ဆိုးကျောက်ပြားအကြောင်းပြောလိုက်သောကြောင့်ဖြစ်သည်။“ကျီရှန့်က အရင်ဆုံးကောင်းကင်ဝံပုလွေခံတပ်ကို နတ်ဆိုးကျောက်ပြား ရအောင်ယူခိုင်းပြီးမှ သူက တခြားနည်းလမ်းနဲ့ သူတို့ဆီက ပြန်ယူချင်တာ ဖြစ်လိမ့်မယ်…သူ့မှာ သိုင်းအင်ပါယာအဆင့်ကျွမ်းကျင်သူရဲ့ ဝိညာဉ်အကြွင်းအကျန်ရှိတဲ့အတွက် အနာဂတ်မှာ သူ့အတွက် ကောင်းကင်ဝံပုလွေခံတပ်ထက် ပိုအစွမ်းထက်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး…"
“ဒါပေမဲ့ သိုင်းအင်ပါယာရဲ့ လျှို့ဝှက်ရတနာသိုက်ကတော့ မတူဘူး…သူက ငါ့မှာ သဘောတရားမှတ်ဉာဏ်အပိုင်းအစတစ်ခုရှိတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်လို့ကတော့ ငါ့ကို ဘယ်သူသတ်လိုက်တာလဲဆိုတာ သူသိမှာမဟုတ်ဘူး…ငါ့ကိုသတ်တဲ့လူဆီက နတ်ဆိုးကျောက်ပြားကို ပြန်ယူဖို့ဆိုတာတော့ ပြောမနေနဲ့"
ထိုကဲ့သို့ တွေးတောမိသောအခါ သူ့အား ချောက်ချသူက ကျီရှန့်မဟုတ်ကြောင်းကို သွမ့်လင်းထျန်နားလည်လိုက်သည်။
YOU ARE READING
ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီး
Adventureကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai Luminous (သွမ့်လင်းထျန်) လင်းထျန်ဟာ ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက အတွင်းအား ကျ...