အပိုင်း(၁၁၈၆)လေကျုံ၏ သေခြင်း
ဖြန်း ...
လေကျုံ၏ ပါးစပ်မှ နောက်ဆုံးစကားထွက်လာသည်နှင့် တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ရိုက်သံတစ်သံက လေထဲတွင် ပဲ့တင်ထပ်သွားပြီး ရှိနေကြသော လူတိုင်း၏ နားထဲ ရှင်းလင်းစွာ ဝင်လာသည်။
အခြားသူများ၏ အကြည့်များအောက်တွင် သွမ့်လင်းထျန်သည် လက်မြှောက်၍ လေကျုံ၏ မျက်နှာကို ရိုက်ချလိုက်သည်။ ၎င်းကြောင့် သူ့မျက်နှာတစ်ခြမ်းတွင် လက်ဝါရာကြီးပေါ်လာပြီး ချက်ချင်းပင် ရောင်ကိုင်းလာသည်။ထိုအချိန်၌ ရပ်ကြည့်နေသူအားလုံးသည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
ထိုသွမ့်လင်းထျန်က အလွန်သတ္တိရှိလွန်းသည်။လေကျုံသည် သိုင်းဘုရင်၏ တိုက်ရိုက်တပည့်ဖြစ်ကြောင်း ပြောပြီးသည့်နောက်တွင် လေကျုံကို ရိုက်ရဲသည်။
သွမ့်လင်းထျန်၏ သတ္တိကို သူတို့၏ နှလုံးသားအောက်ခြေမှထိ လေးစားကြောင်း ဝန်ခံရမည်။
သို့သော်လည်း သူတို့ သတ္တိကို လေးစားသည့်တိုင် သွမ့်လင်းထျန်၏ လုပ်ရပ်ကို သဘောတူသည်ဟု မဆိုလိုပေ။ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေတာပဲ...
တစ်ချိန်တည်းမှာပင် လူများစွာသည် သွမ့်လင်းထျန် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်နေသည်ဟု ခံစားလိုက်ရသည်။အာနီကာဂိုဏ်း၏ လူငယ်မျိုးဆက်ထဲ၌ အသန်မာဆုံးဖြစ်သော ကျိုးရွယ်အပါအဝင်ဖြစ်သည်။
ထိုအချိန်၌ ကျိုးရွယ်၏ သွမ့်လင်းထျန်ကို ကြည့်ပုံသည် လူသေတစ်ယောက်ကို ကြည့်နေသည့်ပုံစံဖြစ်သည်။သူ၏ အမြင်အရ သွမ့်လင်းထျန်၏ လုပ်ရပ်သည် အီဇူမိုဂိုဏ်းက သိုင်းဘုရင်ကို ရန်စပုတ်ခတ်ခြင်းဖြစ်သည်။
အကယ်၍ သူလျှို့ဝှက်ရတနာသိုက်ထဲမှ ထွက်သွားနိုင်လျှင်ပင် နောက်ဆုံးတွင် သံသယမရှိသေရလိမ့်မည်ဖြစ်သည်။
သိုင်းဘုရင်က သူ့ကို လုံး၀အလွတ်ပေးမည်မဟုတ်ပေ။သူ့ကို စူးရဲစွာစိုက်ကြည့်နေသော လေကျုံကို ပါးရိုက်ပြီးနောက် သွမ့်လင်းထျန်သည် တည်ငြိမ်သောမျက်နှာဖြင့် မနှေးမမြန် မေးလိုက်သည်။
YOU ARE READING
ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီး
Adventureကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai Luminous (သွမ့်လင်းထျန်) လင်းထျန်ဟာ ကြောက်မက်ဖွယ်ရာ လက်နက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ရုံသာမက အတွင်းအား ကျ...