1106 - 1110

118 6 0
                                    

အပိုင်း(၁၁၀၆)လက်ရည်ဖလှယ်ခြင်း

     “ တောင်ပိုင်က ငါ့ကို မင်းနဲ့ တနျူကို ခေါ်ခိုင်းလိုက်တာ"
     ချန်းဝေ ပြုံးလိုက်သည်။
   
     “တောင်ပိုင်က ငါတို့ကိုရှာနေတာလား"
    သွမ့်လင်းထျန်  အံ့ဩသွားသည်။
      “နှစ်ပတ်တောင် ရှိသွားပြီလား"
     
     “ဟုတ်တယ်"
   ချန်းဝေ ခေါင်းညိတ်လိုက်သည်။
    “ငါတို့အားလုံးက မင်းကိုစောင့်နေတာ…မင်းတို့အဆင်သင့်ဖြစ်ပြီဆို ငါတို့က ရွှေတောင်ကိုသွားတော့မှာ"

     “ငါတို့…"
     သွမ့်လင်းထျန် အံ့ဩသွားသည်။
    “ချန်းဝေ မင်းကောလိုက်မှာလား"
   
    “ငါတင်မဟုတ်ဘူး…နောက်ထပ်လိုက်မဲ့ သစ်သားတောင်ရဲ့တပည့်သုံးယောက်ရှိသေးတယ်"
    ချန်းဝေ ပြုံးလိုက်သည်။
      “ငါတို့ ဘယ်သွားမယ်ဆိုတာ ငါမသိပေမဲ့ သစ်သားတောင်က ဒြပ်စင်ငါးခုဂိုဏ်းရဲ့ ပထမတောင်ဖြစ်လို့ ခြောက်ယောက်ပါခွင့်ရှိတယ်…တခြားတောင်တွေရဲ့ ခွဲတမ်းက ငါတို့လောက်မများဘူး…ရိုးရိုးတမ်းတမ်းပြောရရင် ဒါမဆိုးဘူး…"

     “သစ်သားတောင်က လူခြောက်ယောက်ခေါ်နိုင်တာလား…ပြီးတော့ တခြားတောင်တွေက ခြောက်ယောက်မခေါ်နိုင်ဘူးပေါ့"
     သွမ့်လင်းထျန်၏ မျက်ခုံးများ ပင့်တက်သွားသည်။
      သစ်သားတောင်တွင် လိုက်မည့်သူ ထိုမျှအများကြီးရှိလိမ့်မည်ဟု  သူ လုံး၀မထင်ထားခဲ့ပေ။
    တစ်ချိန်တည်းမှာပင် တခြားတောင်များသည် လူမည်မျှ လိုက်လို့ရကြောင်း သူတကယ်သိချင်နေသည်။

       “ဟုတ်တယ်"
    ချန်းဝေ တစ်ဖန်ခေါင်းညိတ်လိုက်သည်။
      “ဒီတစ်ခေါက် လိုက်လို့ရတဲ့လူအရေအတွက်က တောင်ငါးတောင်ရဲ့ တိုက်ပွဲနဲ့ သတ်မှတ်တာပဲ…သစ်သားတောင်က ပထမတောင်ဖြစ်လို့ ငါတို့က ခြောက်ယောက်ခေါ်လို့ရတယ်…ရွှေတောင်က ဒုတိယတောင်ဖြစ်လို့ ငါးယောက်ခေါ်လို့ရတယ်…မီးတောင်က တတိယတောင်ဖြစ်လို့ လေးယောက်ခေါ်လို့ရတယ်…ရေတောင်က စတုတ္ထတေင်ဖြစ်လို့ သုံးယောက်ခေါ်လို့ရတယ်…မြေ‌တောင်ကတော့ နောက်ဆုံးတောင်ဖြစ်လို့ လူနှစ်ယောက်ပဲခေါ်လို့ရတယ်"
    ချန်းဝေ အသက်တစ်ရှိုက်အတွင်းပြောလိုက်သည်။
     “ဒီလိုဆို  ဆိုလိုတာက  တောင်ပိုင်ငါးယောက်နဲ့အတူ  လူနှစ်ဆယ်သွားမှာပေါ့"
     သွမ့်လင်းထျန်၏ မျက်ခုံးများပင့်တက်သွားပြီး ရေရွတ်လိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးحيث تعيش القصص. اكتشف الآن