1046 - 1050

137 10 0
                                    

အပိုင်း(၁၀၄၆)ရွှယ်နိုင်လှည့်စားခံရခြင်း

     မြောက်ပိုင်းသဲကန္တာရ၏ တောင်ဘက်အခြမ်းတွင်ရှိသော ရှေးဟောင်းကန္တာရမြို့တွင်…

      ဝှစ်…ဝှစ်…

    ကောင်းကင်တွင် လှပသော ပုံရိပ်နှစ်ခုက တစ်ပြိုင်တည်းလိုလို ပေါ်လာပြီး သူတို့၏ခြေထောက်အောက်က မြို့ကို ငုံ့ကြည့်လိုက်သည်။ သူတို့သည် မိန်းကလေးငယ် နှစ်ယောက်ဖြစ်ပြီး တစ်ယောက်က အဝါရောင်အ၀တ်အစားဝတ်ဆင်ထားကာ အခြားတစ်ယောက်က အစိမ်းရောင်အ၀တ်အစားဝတ်ဆင်ထားသည်။

     ၎င်းမှာ ဒက်ခံမင်းဆက်ကလာသော ဟန်ရွှယ်နိုင်နှင့် မူရွှယ်ရီဖြစ်သည်။

       “ဟန်ရွှယ်နိုင် ဒါက ရှေးဟောင်းကန္တာရမြို့လား"
     မူရွှယ်ရီသည် သူမ၏ အောက်ကမြို့ကို သေချာကြည့်ပြီးနောက် ဟန်ရွှယ်နိုင်ကိုသိချင်စိတ်ဖြင့်မေးလိုက်သည်။

     “ဟုတ်တယ်…ဒါပဲ"
    ဟန်ရွှယ်နိုင် ခေါင်းညိတ်ပြီးနောက် သူမ၏ မျက်လုံးများတောက်ပသွားကာ အောက်သို့တဟုန်ထိုး ဆင်းသွားသည်။
     “သွားစို့…ငါတို့လူတွေကို မင်းဆက်ဆယ်ပါးရဲ့ သိုင်းပြိုင်ပွဲဘယ်မှာကျင်းပလဲဆိုတာ သွားမေးရမယ်"

      “ရွှယ်နိုင် ငါ့ကိုစောင့်ပါဦး"
     ဟန်ရွှယ်နိုင်သည် အငွေ့ပမာပျောက်ကွယ်သွားသည်ကိုမြင်ချိန်၌ မူရွှယ်ရီသည် သူမ၏ နူးညံ့‌သောခြေထောက်ကို အသာဆောင့်၍ ရွှယ်နိုင်နောက်က လိုက်သွားသည်။

      သူတို့ စားသောက်ဆိုင်တစ်ဆိုင်ထဲ ဝင်လာပြီးနောက် ဟန်ရွှယ်နိုင်နှင့် မူရွှယ်ရီ ထိုင်၍ စားပွဲထိုးကို ခေါ်လိုက်သည်။
       “ရှင် မင်းဆက်ဆယ်ပါးရဲ့သိုင်းပြိုင်ပွဲအကြောင်းသိလား"
     ဟန်ရွှယ်နိုင်မေးလိုက်သည်။

     “ကျုပ်သိတာပေါ့"
    စားပွဲထိုးက အလျင်အမြန် ခေါင်းညိတ်၍ ပြောလိုက်သည်။
      “သခင်မလေး…သခင်မလေးက ကျုပ်တို့ရဲ့ ရှေးဟောင်းကန္တာရမြို့ကိုအခုမှရောက်တာမလား"

      “ဟုတ်တယ်"
   ဟန်ရွှယ််နိုင်  ခေါင်းညိတ်လိုက်သည်။

     “ဒါပေမဲ့ သခင်မလေး မင်းဆက်ဆယ်ပါးရဲ့ သိုင်းပြိုင်ပွဲအတွက်လာခဲ့တာဆိုရင်တော့ သခင်မလေး နောက်ကျသွားပြီ"
    စားပွဲထိုးက ပြုံးလ်ိုက်သည်။
    “ဒါပေမဲ့ သခင်မလေး တကယ်လို့ သခင်မလေးတို့ အချိန်မီရောက်ရင်တောင် ဒါကို ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြည့်နိုင်မှာမဟုတ်ဘူး…အပြင်ကို သတင်းရောက်လာတဲ့အထိ စောင့်ရမှာ"

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now