1026 - 1030

150 12 0
                                    

အပိုင်း(၁၀၂၆)မိုးကြိုးကိုးချက်

        တိုက်...
    သွမ့်လင်းထျန်၏ လက်ထဲတွင်ရှိသော ဓားက ကြမ်းကြုတ်သောအော်ရာကို ခပ်ရေးရေးထုတ်ဖော်နေပြီး တစ်ချိန်တည်းမှာပင် မထင်မရှားထောင့်တွင် ရှေးဦးချိုနဂါးအရိပ်တစ်ခု ဖြည်းလေးစွာပေါ်လာသည်။

     ရှေးဦးချိုနဂါးတစ်ရာငါးဆယ့်တစ်ကောင်၏ ခွန်အားက ပေါက်ကွဲဖို့ စောင့်ဆိုင်းနေသည်။

      “ညီလေး…မင်းအသက်အရွယ်နဲ့ ဒီလိုအောင်မြင်မှုမျိုးရတာကို ကျုပ်လေးစားမိတယ်…နိုင်နိုင်ရှုံးရှုံး ကျုပ်မင်းကို ကျုပ်တို့ရဲ့ ချန်းကလန်မှာ သောက်ဖို့ ဖိတ်ခေါ်ချင်တယ်"
    လှံကို အလျားလိုက်ကိုင်ကာ ရပ်နေသော ချန်းတုံသည် ကြည်ရှင်းသော အသံဖြင့်ပြောလိုက်သည်။
     သူ၏ ဝတ်ရုံက လေနှင့်အတူ လူးလွန့်သွားသည်။

     “ကျေးဇူးတင်ပါတယ်ခေါင်းဆောင်ချန်း"
      ဓားကိုင်ရင်း ရပ်နေသော   သွမ့်လင်းထျန် ပြုံး၍ ခေါင်းညိတ်လိုက်သည်။

     “ခေါင်းဆောင်ချန်းက တကယ်ဂုဏ်သိက္ခာရှိလွန်းတယ်…လူရွယ်က သူ့ရဲ့ ချန်းကလန်ကို ရန်စဖို့လာပေမဲ့ သူကတော့ လူရွယ်ကို သောက်ဖို့‌ဖိတ်ခေါ်နေတယ်"

     “ချန်ကလန်ခေါင်းဆောင်ဆိုတဲ့အတိုင်းပဲ…ဒီလိုဂုဏ်သိက္ခာကြောင့် ချန်းကလန်က လွင့်မျောမိုးတိမ်မြို့မှာ နံပါတ်တစ်ကလန်ဖြစ်နေတာကို"

   “ခေါင်းဆောင်ချန်းရဲ့ ဂုဏ်ကျက်သရေနဲ့တင် ချန်းကလန်က လွင့်မျောမိုးတိမ်မြို့ရဲ့ နံပါတ်တစ်ကလန်ဖြစ်ဖို့ ထိုက်တန်တယ်"

     ………

    ပတ်ဝန်းကျင်က ပွဲကြည့်သူများက အသီးသီး ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ စကားများက ချန်းတုံအပေါ် လေးစားမှုများပြည့်နှက်နေသည်။

     “ညီလေး သတိထား"
    ရုတ်တရက် ချန်းတုံသည် ကျယ်လောင်စွာဟစ်အော်လိုက်ပြီး စကားဆုံးဆုံးချင်း အလွန်လျင်မြန်သောအရှိန်ဖြင့် ထွက်လာရာ ပုံရိပ်အကြွင်းအကျန်များ ကျန်နေခဲ့သည်။

       ဝှစ်…

     တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာလေအူသံများ ပေါ်လာသည်။
     ချက်ချင်းပင်  ချန်းတုံသည် သွမ့်လင်းထျန်၏ အနီးသို့ရောက်လာပြီး သူ့လက်ထဲက ခုနှစ်ပေရှည်လျားသောလှံကို လွှဲယမ်းလိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDove le storie prendono vita. Scoprilo ora