1121 - 1125

106 6 0
                                    

အပိုင်း(၁၁၂၁)ကောင်းကင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်
 
       လနီဂိုဏ်း၏ ရန်ကျိသည် နဝမအဆင့် အဆင့်မြင့်လေအနှစ်သာရနှင့် နဝမအဆင့် အဆင့်မြင့်မိုးကြိုးအနှစ်သာရကို နားလည်ထားသော ဟင်းလင်းပြင်အထွတ်အထိပ်အဆင့် သိုင်းပညာရှင်ဖြစ်သည်။
     ထိုအကြောင်းကြောင့် သူ၏ ခန္ဓာကိုယ်ထဲက အနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခုသည် နဝမအဆင့်လေအနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှင့်   နဝမအဆင့်မိုးကြိုးအနှစ်သာရမှတ်ဉာဏ်အပိုင်းအစဖြစ်သည်။ 
     နှစ်ခုလုံးသည် ထိပ်တန်းအဆင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစများဖြစ်ပြီး ရတနာများဟု သတ်မှတ်နိုင်သည်။
     ထိုအဆင့် အနှစ်သာရမှတ်ဉာဏ်အပိုင်းအစ နှစ်ခုတည်းဖြင့် သွမ့်လင်းထျန်သည် သူ၏ လေအနှစ်သာရနှင့် မိုးကြိုးအနှစ်သာရကို အချိန်တိုအတွင်း နဝမအဆင့်ထိရောက်အောင် မြှင့်တင်နိုင်လိမ့်မည်ဖြစ်သည်။ ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းရုံဖြင့် သဘောတရားကိုနားလည်လာလိမ့်မည်ဖြစ်သည်။

       “ကျေးဇူးတင်ပါတယ်တောင်ပိုင်"
      သွမ့်လင်းထျန် ချီယုကို ချက်ချင်းကျေးဇူးတင်စကား ဆိုလိုက်သည်။ အဆုံး၌ ထိုကျေးဇူးက ကြီးမားသည်။

     ထိုစဉ်အတောအတွင်း ဒြပ်စင်ငါးခုဂိုဏ်းက တခြားတောင်ပိုင်များနှင့် တပည့်များသည် မနားလိုအားကျဟန်ဖြင့်  သွမ့်လင်းထျန်ကို ကြည့်လိုက်သည်။
    အဆုံး၌ ၎င်းသည် နဝမအဆင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခုဖြစ်သည်။
    ဒြပ်စင်ငါးခုဂိုဏ်းတွင်ပင် ထိုအဆင့် အနှစ်သာရမှတ်ဉာဏ်အပိုင်းအစနည်းနည်းသာရှိသည်။ သို့သော်လည်း  သွမ့်လင်းထျန်တွင် နှစ်ခုရှိနေသည်။ သို့ရာတွင် မည်သူမျှ ၎င်းကို မကန့်ကွက်ဝံ့ချေ။
       ထိုအရာများက ချီယုအပိုင်ဖြစ်ကြောင်း ဖယ်ထားလိုက်ဦး ထိုအရာများက ဂိုဏ်း၏ အပိုင်ဖြစ်လျှင်ပင် အစောပိုင်းက  သွမ့်လင်းထျန်ပြသခဲ့သော စွမ်းအားအရ ဒြပ်စင်ငါးခုဂိုဏ်းတစ်ခုလုံးတွင် ထိုအနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခုအား ပေးရန် အရည်အချင်းပြည့်မီသူမှာ သွမ့်လင်းထျန်သာရှိသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now