1036 - 1040

134 14 0
                                    

အပိုင်း(၁၀၃၆)တစ်ချက်တည်းလွင့်ခြင်း

      ယဲ့ကလန်ကို နာမည်ပြောင်းခိုင်းခြင်းမှာ သူတို့၏ ယဲ့ကလန်ကို အလွန်စော်ကားသောလုပ်ရပ်တစ်ခုဖြစ်ကြောင်း သံသယရှိစရာမလိုပေ။
    ထိုအချိန်၌ ယဲ့ထင်သာမက ယဲ့ကလန်၏ အကြီးအကဲများအားလုံးက ချန်းအန်ကို ဒေါသထွက်စွာကြည့်လိုက်သော်လည်း ချန်းဝေကို ကြောက်သောကြောင့် မည်သည့်လှုပ်ရှားမှုမျှ မပြုရဲပေ။

     “အန်လေး အရမ်းမလွန်နဲ့…ငါတို့ဒီနေ့ယဲ့ကလန်ကိုလာတာ သူတို့ကို အပြစ်တင်ဖို့ မဟုတ်ဘူးဆိုတာ မမေ့နဲ့"
    နောက်ဆုံး၌ ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသော ချန်းဝေ မျက်လုံးဖွင့်လိုက်ပြီး သူ၏ စူးရှသောအကြည့်က ခရမ်းရောင်အဝတ်အစားနှင့်လူရွယ်ပေါ်သို့ ကျရောက်သွားသည်။

  
     “မင်းက သွမ့်လင်းထျန်လား"
    ချန်းဝေ  သွမ့်လင်းထျန်ကိုကြည့်၍ ကျယ်လောင်သောအသံဖြင့်မေးလိုက်သည်။

      “ဟုတ်တယ်"
     သွမ့်လင်းထျန်  အရေးမစိုက်စွာခေါင်းညိတ်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် သူ့ရှေ့က ချန်းဝေကို ကြည့်လိုက်သည်။
    ချန်းဝေက အသက်သုံးဆယ့်ငါးနှစ်ဝန်းကျင်ခန့်ဖြစ်ပြီး မျက်နှာအမူအရာ တည်ငြိမ်ကာ အကြည့်တစ်ချက်နှငိ့ပင် ဖြောင့်မတ်သူတစ်ယောက်ဖြစ်ကြောင်းသိသာသည်။
      ၎င်းမှာ သူ့ညီနှင့် လုံး၀ဆန့်ကျင်ဘက်ဖြစ်သည်။

     “ဒြပ်စင်ငါးခုဂိုဏ်းရဲ့ တပည့်အဖြစ်ဟန်ဆောင်ပြီး တခြားသူတွေကိုအနိုင်ကျင့်ပြီး မိန်းကလေးတွေကိုသိမ်းပိုက်တာရဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်းသိလား"
     ချန်းဝေ၏ မိုးကြိုးပမာ အကြည့်က  သွမ့်လင်းထျန်ကို စူးစိုက်ကြည့်ပြီး ကျယ်လောင်သောအသံဖြင့်မေးလိုက်သည်။    

      ဒြပ်စင်ငါးခုဂိုဏ်းရဲ့ တပည့်အဖြစ်ဟန်ဆောင်တာ…
     ချန်းဝေ၏ စကားကိုကြားချိန်၌ သွမ့်လင်းထျန်ကြောင်အမ်းအမ်းဖြစ်သွားသည်။

    ယဲ့ကလန်ကလူများလည်း ကြောင်တောင်တောင်ဖြစ်သွားသည်။
    သွမ့်လင်းထျန်က ဒြပ်စင်ငါးခုဂိုဏ်းရဲ့ တပည့်အဖြစ်ဟန်ဆောင်တာလား…

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora