1146 - 1150

122 8 0
                                    

အပိုင်း(၁၁၄၆)ပထမရတနာ

      “သိုင်းအင်ပါယာရဲ့ လျှို့ဝှက်ရတနာသိုက်ထဲက ရတနာတွေထဲမှာ သာမန်ဆေးလုံးတွေနဲ့ ဝိညာဉ်လက်နက်တွေက ငါ့အတွက် အသုံးမဝင်ဘူး…"
      သွမ့်လင်းထျန်၏ မျက်လုံးများက ပိုမိုတောက်ပလာသည်။
      သွမ့်လင်းထျန် တွေးလိုက်၏။
     “တကယ်လို့ ထူးခြားတဲ့အရာတစ်ခုသာမဟုတ်ရင် ငါသဘောတရားမှတ်ဉာဏ်အပိုင်းအစတွေကိုပဲ စိတ်ဝင်စားလိမ့်မယ်"
      သူ၏ စိတ်ကိုရှင်းပြီးနောက် သူသည် နောက်ဆုံးတွင် လျှို့ဝှက်ရတနာသိုက်၏ အစစ်အမှန်ဝင်ပေါက်သို့ရောက်လာခဲ့သည်။ ၎င်းသည် လူတစ်ယောက် ဖြတ်နိုင်ရုံသာကျယ်သော အပေါက်တစ်ခုဖြစ်သည်။ အပေါက်၏ တခြားဘက်အခြမ်းသည် နေ့ခင်းပမာ လင်းနေသည်။

        “အထဲဝင်မယ်"
     သွမ့်လင်းထျန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ အပေါက်ဆီကို ပျံသန်း၍ ဖြတ်ကျော်သွားသည်။
     တစ်ချိန်တည်းလိုလိုမှာပင် လျှို့ဝှက်ရတနာသိုက်ကိုချန်ထားခဲ့သော သိုင်းအင်ပါယာ၏ သတင်းစကားက   သွမ့်လင်းထျန်၏ နားထဲဝင်လာခဲ့သည်။
     “ဒါကို မမေ့နဲ့…ဒါက မင်းရဲ့ ဝင်ပေါက်…မင်းရဲ့ လျှို့ဝှက်ရတနာသိုက်ထဲက ထွက်နိုင်တဲ့ ထွက်ပေါက်ဆိုလည်းဟုတ်တယ်"
     “မှော်ကမ္ပည်းအစီအရင်က မင်းအပေါက်က  ပျံသန်းလာချိန်မှာ မင်းရဲ့ အော်ရာကိုမှတ်ထားတယ်…အခုချိန်ကစပြီး ဒီဝင်ပေါက်ကို မင်းတစ်ယောက်တည်းဖြတ်ကျော်နိုင်လိမ့်မယ်"
    ထို့နောက် သတင်းစကားက ချက်ချင်းပြတ်တောက်သွားသည်။

       “ဒီဝင်ပေါက်ကို ငါတစ်ယောက်တည်းဖြတ်နိုင်တာလား"
     သွမ့်လင်းထျန် ဝင်ပေါက်ကို ပြန်လှည့်ကြည့်လိုက်သည်။

      တခြားဘက်အခြမ်းသည် မီးခိုးရောင်တိမ်စိုင်များအုပ်မိုးနေပုံရပြီး အပေါက်၏ နံရံအရောင်နှင့် ဆင်တူနေသည်။ ဂရုတစိုက်မကြည့်ပါက တော်ရုံတန်ရုံဖြင့် သတိထားမိမည်မဟုတ်ပေ။

       ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များမှတစ်ဆင့် ထိုမှော်ကမ္ပည်းအစီအရင်၏ နောက်က သီအိုရီကို သူ သိရှိလိုက်သည်။
     ၎င်းသည် ပိုင်ဆိုင်မှုတည်ဆောက်ပြီးသည့် ကွက်လပ်လက်စွပ်တစ်ခုနှင့်တူညီသည်။ ၎င်းသည် မူလပိုင်ရှင်မသေဘဲ ပိုင်ရှင်အသစ်ကို အသိအမှတ်ပြုမည်မဟုတ်ချေ။
      သို့သော်လည်း ဝင်ပေါက်၏ မှော်ကမ္ပည်းအစီအရင်ထဲတွင် ခြားနားမှုအနည်းငယ်ရှိသည်။ ၎င်းသည် ပိုင်ရှင်သေဆုံးသွားပြီးသည့်နောက်တွင်ပင် တခြားလူတစ်ဦးအား ဖြတ်သန်းခွင့်ပြုမည်မဟုတ်ချေ ။
       “ဒီလိုဆို ဒီဝင်ပေါက်က ငါသိုင်းအင်ပါယာရဲ့ လျှို့ဝှက်ရတနာသိုက်ထဲက ရတနာတွေကို ယူပြီးရင် ထွက်သွားနိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်ပဲ…လူတိုင်းမှာ သူတို့  ဝင်ထွက်နိုင်တဲ့လမ်းကြောင်းတွေရှိလိမ့်မယ်"
    မကြာခင်တွင် သွမ့်လင်းထျန် သဘောပေါက်လာခဲ့သည်။ သူပတ်ဝန်းကျင်ကို စတင် အကဲခတ်လိုက်သည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now