1016 - 1020

134 11 0
                                    

အပိုင်း(၁၀၁၆)ခရမ်းရောင်ဆံပင်နှင့် သွေးနီရောင်မျက်လုံးများ

    အစတွင် သွမ့်လင်းထျန်က သူကိုယ်သူထင်ယောင်ထင်မှားဖြစ်သည်ဟု တွေးမိသည်။
    သို့ရာတွင် အကြိမ်အနည်းငယ်ကြာပြီးနောက် ထိုအရာက ထင်ယောင်ထင်မှားမဟုတ်ကြောင်းကို သူ နားလည်လိုက်သည်။

      “အကန့်အသတ်မဲ့စွမ်းအား.....ဘယ်လောက်အကန့်အသတ်မဲ့လဲ"
    သွမ့်လင်းထျန် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
      တမူ၏ သေဆုံးခြင်းနှင့်အတူ နောက်ပိုင်းတွင် အသံမဲ့အော်သံကြောင့် အနည်းငယ်ရူးသွပ်နေသော  သွမ့်လင်းထျန်သည် ရုတ်တရက် အမိန့်ပေးကာ နတ်ဆိုးကျောက်ပြားကို ထုတ်လိုက်သည်။

     ဝှစ်…

     သွမ့်လင်းထျန်၏ ရှေ့တွင် နတ်ဆိုးကျောက်ပြားပေါ်လာပြီး လွင့်မျောနေသည်။
     ထိုအချိန်၌ နတ်ဆိုးကျောက်ပြားသည် ယခင်ကနှင့် ခြားနားနေကြောင်းကို  သွမ့်လင်းထျန် သတိပြုမိလိုက်သည်။
       နတ်ဆိုးကျောက်ပြားတစ်ခုလုံးတွင် အနက်ရောင်အငွေ့များ ရစ်သိုင်းနေသည်။
      ထို့ပြင် ထိုအနက်ရောင်အငွေ့များသည် နတ်ဆိုးကျောက်ပြားကို ထိမိသည့်အခါ ၎င်းတို့သည် ထူးဆန်းစွာဖြင့် အနက်ရောင်အရည်အဖြစ်ပြောင်းလဲသွားသည်။ ၎င်းတို့သည် မရေမတွက်နိုင်သော သေးငယ်သည့် စီးကြောင်းလေးများအဖြစ် ပြောင်းလဲသွားပြီးနောက်  သွမ့်လင်းထျန် နားမလည်သော နတ်ဆိုးကျောက်ပြားပေါ်က ရှေးဟောင်းအမှတ်အသားများထဲ စီးဆင်းသွားသည်။

     လေထဲတွင် လွင့်မျောနေသော နတ်ဆိုးကျောက်ပြားကို ဟာလာဟင်းလင်းအမူအရာဖြင့်ကြည့်ရင်း သွမ့်လင်းထျန်ပင် ဘာကြောင့်မှန်းမသိဘဲ သူ၏ လက်ကို အလိုအလျောက် ဆန့်ထုတ်၍ နတ်ဆိုးကျောက်ပြားပေါ် တင်လိုက်သည်။
       နတ်ဆိုးကျောက်ပြားကို ထိမိလိုက်သည်နှင့် အေးစက်မှုကိုခံစားလိုက်ရပြီး သွမ့်လင်းထျန် တုန်သွားကာ သူ၏ ခန္ဓာကိုယ်အနည်းငယ် တုန်ခါလာသည်။
     တစ်ချိန်တည်းမှာပင်  သွမ့်လင်းထျန်သည် နတ်ဆိုးကျောက်ပြားပေါ်တွင် စီးဆင်းနေသော အနက်ရောင်အရည်များကို သူ့လက်ဖြင့် ဖိလိုက်သောအခါ သူ့လက်ချောင်းထဲ စီးဆင်းလာကြောင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။
        အနက်ရောင်အရည်များသည် သူ၏ လက်ချောင်းထဲ စီးဝင်သွားပြိီးနောက် သူ့လက်ဖဝါး၏ အလယ်တွင်စုစည်းသွားသည်။ ထို့နောက် လက်မောင်းတစ်ခုလုံးကို စီးသွားသည်။
      သွမ့်လင်းထျန်၏ လက်တစ်ဖက်လုံးတွင် အရိုးခိုက်အောင် အေးစက်မှုများပြည့်နှက်သွားရာ သူ နစ်မွန်းသွားပြီး သူ၏ မျက်နှာ ပျက်ယွင်းသွားသည်။

ကောင်းကင်မှာ၀ဲပျံမည့်စစ်ဘုရင် (သွမ့်လင်းထျန်) Book 2 ခွင့်ပြုချက်ရပြီးWhere stories live. Discover now