Omega

430 33 0
                                    

[Unicode]
အခန်း ၀၀၂ ။ Omega

ရူဒရာရဲ့ အဖေက ထိုအချိန်ကတည်းက စည်းကမ်းတင်းကြပ်သောသူဖြစ်သည်။ ရူဒရာ တစ်ယောက် ဒီနှစ်ကျောင်းပြီးပေမဲ့ နေရာမပေးသေးသော.... သူ့အဖေကို ဖြောင်းဖြဖို့ လုပ်လေသည်။

“အနာဂတ်အတွက် မင်းဘာအစီအစဉ်တွေဆွဲထားတာရှိလဲ။ ဘာမှမရှိရင် ငါ့ကုမ္ပဏီမှာ အလုပ်လာလုပ်ချည်။” ဟုသူ့အဖေကပြောသည်။

“ကျွန်တော့်ကို ဒေါ်လာ၁သောင်းနဲ့ အချိန်၃လပေးပါ အဖေ။ ကျွန်တော့်ရဲ့ အစီအစဥ်မအောင်မြင်ခဲ့ရင် အဖေ့ကုမ္ပဏီမှာလာအလုပ်လုပ်ပါ့မယ်။”

ထိုပုံစံကို ကြည့်ပြီး သူ့အဖေက အံ့သြသွားသည်။ ပုံမှန်ဆို ခပ်ပေါ့ပေါ့နေတတ်တဲ့ ကောင်လေးက ဒီနေ့တော့ လူကြီးတစ်ယောက်လို ရင့်ကျက်နေတာပါလား။

“ဟုတ်ပြီလေ မင်းလုပ်ချင်တာလုပ်။”

“မနက်ဖြန် အိမ်ကနေထွက်သွားပါတော့မယ် အဖေ။ နောက်၃လနေရင် တစ်ခုခုအောင်မြင်ပြီး ပြန်လာတာဖြစ်ဖြစ် အဖေ့ကုမ္ပဏီမှာ ၀င်လုပ်ဖို့ဖြစ်ဖြစ် ပြန်လာခဲ့ပါ့မယ်။”

သူ့အဖေကသူ့အတွက်စိတ်ပူပေမဲ့ ဒါကယောကျ်ားတစ်ယောက်ရဲ့ဘ၀အတွက် တစ်ခုမဟုတ် တစ်ခုရွေးချယ်ရတော့မဲ့အချိန်ဆိုတာ သူသိသည်။....ငယ်ငယ်တုန်းက သူ့ပုံစံလိုမျိုး သူ့သားရဲ့ စိတ်ဓာတ်ပြင်းထန်တက်ကြွနေတဲ့ပုံကို မြင်နေရသည်။

သူ့အဖေက သ‌ဘောတူခဲ့ပြီး ရူဒရာ ကို ပိုက်ဆံချေးလိုက်ကာ သူ့အတွက် တစ်လဒေါ်လာ ၂၀၀ နဲ့တိုက်ခန်းတစ်ခန်း စားစရာတွေပါ ပေးလိုက်သည်။ ထို့နောက် သူကဆိုင်ကိုသွားကာ ဂိမ်းအသစ် Omegaအတွက် ဒေါ်လာ၅၀၀၀တန် အကောင်းဆုံး Headset ကိုသွား၀ယ်သည်။

Gaming pod တွေလောက်တော့ မကောင်းပေမဲ့ အဲ့ဒါတွေထွက်ဖို့က တစ်နှစ်လောက် စောင့်ရအုန်းမည်။ အခုတော့ ဒီ Headset နဲ့ပဲစရတော့မည်။

ရူဒရာ က မနက်ဖြန်နေ့လည် ၁၂ နာရီထွက်မဲ့ ဂိမ်းအသစ်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အိပ်ရာတွင် လှဲကာ အစီအစဉ်ဗျူဟာကို စိတ်ထဲတွင်ဆွဲနေသည်။ လုပ်ရမဲ့အရာတွေရယ် ရှောင်ရန်ဆောင်ရန်တွေရယ် သူ ဒီဂိမ်းကို နာရီပေါင်းများစွာ ဆော့ခဲ့ဖူးပေမဲ့.... ဒီနေ့ သူ့၀မ်းဗိုက်ထဲမှာ လိပ်ပြာတွေဝဲကာ စိတ်လှုပ်ရှားနေလေသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now