အခန်း ၀၅၈ ။ တိုက်ပွဲပြင်ဆင်ခြင်း (၂)

65 7 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း၀၅၈ ။ တိုက်ပွဲပြင်ဆင်ခြင်း (၂)


ရူဒရာက ဓာတ်ခွဲခန်းထဲတွင် ဖက်တီးကလက်ရှ်နဲ့အတူ ထိုင်နေသည်။ သူ့ဘေးတွင် နိထ်ဝဒ်လည်းပါသည်။ နိထ်ဝဒ်က ဗုံးဖောက်ခွဲသူအမျိုးအစားခွဲကို ယူထားတာကြောင့် ဗုံးလုပ်ခြင်းက သူ့လယ်ဗယ်ကို တိုးစေမယ်လို့ ထင်နေသည်။

ထိုရွေးချယ်မှုက ရူဒရာအတွက် ကောင်းတော့ကောင်းသည်။ ဘာလို့ဆို သူလည်း ဖောက်ခွဲရေးပညာရှင်က ဘယ်လိုပုံစံမျိုးလဲ မသိသေးပေ... သူ့လက်ထဲမှာ အချိန်က ရှိမနေပေ။ စျေးကွက်ထဲမှာလည်း ဖောက်ခွဲ‌ရေးပညာရှင်အတွက် စကေးတွေ ဗုံးပြုလုပ်နည်းတွေ များများစားစားမရှိသေးပေ။

ဒါက အထူးအမျိုးအစားတွေရဲ့ အားနည်းချက်ဖြစ်သည်။ သူတို့ကရှားပါးတာကြောင့် သူတို့အတွက် အရင်းအမြစ်ပစ္စည်းတွေ ရှာရတာလည်း ခက်ခဲသည်။ သို့သော် နိထ်ဝဒ်ရဲ့ လက်ရှိအခြေအနေကြောင့် ရူဒရာရဲ့ မူလအစီအစဉ်တွေ မနှေးတော့ပေ... သူတို့ ရေခဲဗုံးနဲ့ ဆူးချွန်ဗုံးတွေ လုပ်လို့ရသည်။

MMORPG ဂိမ်းအမျိုးအစားအများစုက ဒီလိုဖြစ်သည်။ Omega မှာတော့ နောက်ဆုံးပစ္စည်းက တစ်ခုတည်းကနေ ထုတ်လုပ်ထားတာမဟုတ်ဘဲ ပါ၀င်ပစ္စည်းတွေ အများကြီးပါ၀င်တာဖြစ်သည်။ ဓားသွားနဲ့ ဓားလက်ကိုင်က သက်သက်စီပြုလုပ်ရသည်။ ဓားအိမ်လည်း ထိုသို့ပင်။ ဗုံးဌာနထဲတွင် ဗုံးရဲ့ အလယ်ဗဟို အပြင်ခွံ့ ဖောက်ခွဲရေးရဲ့ လုံခြုံသည့်ပစ္စည်းများကို သက်သက်စီ ပြုလုပ်ရသည်။

ပန်းပဲဆရာတွေက ဗုံးရဲ့ အလယ်ဗဟိုကို မပြုလုပ်နိုင်ပေမယ့် တခြားပစ္စည်းတွေကိုတော့ လုပ်နိုင်‌သေးသည်။ နိထ်ဝဒ်က အလယ်အူတိုင်ကို ပြုလုပ်နေစဉ်တွင် ကလက်ရှ်က တခြားအစိတ်အပိုင်းတွေကို ပြုလုပ်နေသည်။

ကလက်ရှ်က အတွေ့အကြုံရှိပြီးသား သူဖြစ်သည်။ သိပ်အတွေ့အကြုံရင့်တာတော့ မဟုတ်ပေမယ့် ဒီအခန်းထဲက တခြား၂ယောက်ထက် အတွေ့အကြုံပိုရှိသည်။ ထိုကြောင့် အခြေအနေက ကောင်းကောင်းသွားနေသည်။ ဗုံးတွေက ၁၀မိနစ်နဲ့ ၁၃ မိနစ်ကြားတစ်ခု ပြုလုပ်ပြီးစီးနေသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin