စိတ်ခံစားချက်ကိုချယ်လှယ်ရာမှာ ဆရာတစ်ဆူ

133 13 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၂၉ ။ စိတ်ခံစားချက်ကိုချယ်လှယ်ရာမှာ ဆရာတစ်ဆူ

ရူဒရာက သူ့ရဲ့ ပြန်လည်၀င်စားတာကို ဘယ်သူ့ကိုမှ မပြောပြနိုင်ပေ.... သူ့မိသားစုကို မပြောပြနိုင်ပေ။ သူနဲ့ လူချင်းသေချာတောင် မသိတဲ့ ခါနာကို ဂိုဏ်းထဲခေါ်ရင်တောင် မပြောပြချင်ပေ။

ခါနာကို ဘယ်လိုသိလဲဆိုတာ ရှင်းပြဖို့ အကြောင်းအရင်းသေချာမရှိသလို သူ့ဂိုဏ်းကို ဒု‌ခေါင်းဆောင်အဖြစ် လာရန်ခေါ်ဖို့အတွက်လည်း အကြောင်းအရင်းအတိအကျ မရှိပေ။ အရင်ဘ၀တုန်းက ရူဒရာ ရခဲ့တာက နောက်ကျောဓားထိုးခြင်းနဲ့ သစ္စာဖောက်ခြင်းတွေဖြစ်သည်။

တမျိုးမထင်ပါနဲ့နော် ရူဒရာရာဂျ်ပွဒ်ဆိုသည်မှာလည်း သန့်စင်နေသော သူမဟုတ်ပေ.... အဖြူရောင် နတ်သားမဟုတ်သလို အနက်‌ရောင် နတ်ဆိုးလည်း မဟုတ်ပေ... သူက ကြားထဲက လူ အရောင်နဲ့ဆို မီးခိုးရောင်လေးဖြစ်သည်။ သူက လှည့်ဖျားကာ သူ့လိုချင်တာ ရအောင် အခြေအနေကို လှည့်နိုင်တဲ့သူဖြစ်သည်။

Omega မထွက်ခင် အရင်ဂိမ်းမှာ Royal Road ဖြစ်သည်... အဲ့ဂိမ်းကလည်း ကြီးမားတဲ့ MMORPG ဂိမ်းဖြစ်ပေမယ့် အခုလိုတော့ နည်းပညာမြင့်မြင့်မားမား မရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက စျေးကွက်ကို အနှစ်၂၀လောက်လွှမ်းမိုးနိုင်ပြီး ကစားသမား မြောက်များစွာ ရှိသည်။

သူ့အရင်ဘ၀တုန်းက ခါနာကို မှတ်တမ်းရိုက်ထားတဲ့ နာမည်မှာ “ပြိုင်ဘက်ကင်းသော ခါနာ၏ တနေ့တာ” လို့ နာမည်တွင်သည်။ သူ့အရင် Royal Road ဂိမ်းထဲက ဂိုဏ်းနာမည်မှာ “ခါနီဆယ်နာ” ခါနာ၏တပ်လို့ အမည်ရသည်။
ဒီကိစ္စမှာ သူ့အရင်ဘ၀ရဲ့ အသိဉာဏ်ကို သုံးကာ အစီအစဉ်ဆွဲထားသည်...
.........

(ခရမ်းမြူမြို့က ဟိုတယ်၏ ဗီအိုင်ပီ အခန်းတွင်)
ရူဒရာနဲ့ ခါနာက မျက်နှာချင်းဆိုင်ထိုင်နေပြီး လက်ဖက်ရည် ချထားပေးသည်။ သူ့ရှေ့က ထိုင်နေတဲ့လူကို မြင်တော့ ခါနာက ဒီတွေ့ဆုံခြင်းနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားနေသည်။

“အဲ့တော့ ကျွန်တော်နဲ့ ဘာဆွေးနွေးချင်တာလဲဗျ” ခါနာက မေးလိုက်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now