တောအုပ်

254 26 0
                                    

[Unicode]
အခန်း ၀၀၄ ။ တောအုပ်

လျှို့ဝှက်မြေအောက်ခန်းရဲ့ တည်နေရာက တောအုပ်နက်ကြီးရဲ့ ၅ကီလိုမီတာလောက်တွင် ရှိလောက်သည်။ ရူဒရာက အကြမ်းဖျင်းတော့ သိထားပေမဲ့ နေရာအတိအကျကိုတော့ မသိပေ။ အဲ့ဒါကြောင့် အချိန်ယူပြီး ရှာဖွေနေရသည်။

ရှာဖွေနေစဉ် အဖွဲ့တစ်ဖွဲ့က လယ်ဗယ် ၅ ရှိတဲ့ အဖြူရောင်ဝံပုလွေခေါင်းဆောင်ကို တိုက်ခိုက်နေတာကို တွေ့လိုက်သည်။

အဖွဲ့ဝင်က ၆ယောက်ပါပြီး အကုန်လုံး လယ်ဗယ် ၂ မဟုတ်ရင် ၃ ‌လောက်ပဲ ရှိကြသောကြောင့် ဝံပုလွေကို တိုက်ခိုက်ဖို့ အခက်အခဲဖြစ်နေကြသည်။

အစက ရူဒရာ ၀င်မပါချင်ပေမဲ့ ၆ယောက်ထဲက ၂ ယောက်သေသွားတာ မြင်တော့ ကူညီဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အတွက်လည်း အပန်းမကြီးပေ။

လှပတဲ့ မိန်းကလေးဖြစ်သော အဖွဲ့ခေါင်းဆောင်ကို ဝံပုလွေက တိုက်ခိုက်တော့မည့် အချိန်တွင် ရူဒရာက ခုန်ထွက်လာကာ ဝံပုလွေကို ဓားနဲ့ခုတ်လိုက်သည်။ ဝံပုလွေက ရှောင်ထွက်လိုက်ပြီး နောက်ဆုတ်သွားသည်။

အဖွဲ့၀င်လေးယောက်က အံ့သြသွားသည်။ ရှေ့ကနေ ရုတ်တရက်ပေါ်လာတဲ့ သူက ဘယ်သူလဲ ဘာလို့ ပေါ်လာတာလဲ။

“ဒီကနေထွက်သွားတော့ ကိုယ့်လူ၊ ဝံပုလွေက အရမ်းစွမ်းတယ်” ကောင်မ‌လေးက ပြောလိုက်သည်။

“ကိစ္စမရှိဘူး” ရူဒရာက တိုက်ခိုက်ရင်းလှည့်ပြောသည်။

အနုတ် ၄၀, အနုတ်၅၀, အနုတ် ၅၀ သွေးတန်းက လျော့လာသည်။

ကြည့်နေတဲ့သူတွေက အံ့သြသွားသည်။ သူ့တိုက်ခိုက်စွမ်းက မြင့်သည်။ သူတို့ဆို ဝံပုလွေကို အသက်၅ပွိုင့်လောက်ပဲ လျော့အောင် လုပ်နိုင်သည်။

သူ ရှောင်လိုက်ပြီး ၃ မိနစ်အတွင်း ဝံပုလွေကို တစ်ယောက်တည်း ပြန်တိုက်ခိုက်သည်။

လေးယောက်သားက ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြပြီး သူ့ကို တိုက်ခိုက်တဲ့နေရာမှာ မကူညီဖြစ်ဘူးဆိုတာ သိကြသော်လည်း ရမဲ့ဆုငွေကိုသာယူပြီး သူ့ကိုသတ်လိုက်ချင်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now