[Unicode]
အခန်း ၀၀၃ ။ လယ်ဗယ်တိုးကြမယ်ဟေ့Omega မှာ စကေးတွေရဲ့ အလုပ်လုပ်ပုံက ကိုယ့်ဘာသာကိုယ် စကေးကို လေ့ကျင့်တာဖြစ်ဖြစ် လေ့လာတာဖြစ်ဖြစ် မကောင်းဆိုးဝါးတွေကို နှိမ်နင်းတာဖြစ်ဖြစ် မြေအောက်ခန်းတွေကို ဖောက်ပြီး စကေးစာလိပ်တွေကို ယူတာပဲဖြစ်ဖြစ် လုပ်ပြီးစကေးတွေကိုရယူနိုင်သည်။
စကေးစာလိပ်ကို လေ့လာဖို့အတွက်ဆို အဲ့ဒါကပုံပြောင်းလဲသွားပေမဲ့ စာလိပ်ကနေလည်း တိုက်ရိုက် စကေးတွေကို လေ့လာနိုင်သည်။
ဒါပေမဲ့ ရူဒရာက လယ်ဗယ် ၁ မှာတောင် သူအရင်ဘ၀က အမြဲသုံးခဲ့တဲ့ စကေးနှစ်ခုရှိသည်။
ဓားစကေးနဲ့
ထိုးဖောက်ခွဲစကေး ဖြစ်သည်။ရူဒရာက ဝံပုလွေစားကျက်ကို ရှာရင်း ကစားသမားများစွာကို တွေ့ခဲ့သေးသည်။
ဝံပုလွေက လယ်ဗယ် ၃ မကောင်းဆိုးဝါးဖြစ်ပြီး လယ်ဗယ် ၁ ဘယ်သူကမှ ဝံပုလွေ အစု ၁၂ကောင်မပြောနှင့် တစ်ကောင်ကိုတောင်ယှဥ်၍ မတိုက်ခိုက်နိုင်ပေ။ သို့သော် ရူဒရာအတွက်တော့ အသာအယာလေးဖြစ်သည်။
ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ကျောက်တုံးနောက်တွင် ပုန်းရင်း ချုံပုတ်ထဲသို့ ကျောက်ခဲတစ်ခဲကို ပစ်လိုက်သည်။
ဝံပုလွေတစ်ကောင်က ကြားသွားသောကြောင့် ချုံပုတ်ထဲကထွက်လာကာ ဘေးဘီကိုလိုက်ကြည့်သည်။
[ရွှတ် အနုတ် အသက် ၁၅၀]
ဝံပုလွေက ချက်ချင်းသေသွားသည်။
ဒါပေမဲ့ နောက်ထပ်၁၁ကောင်က သူ့ဆီကို ပြေးလာသည်။
ရူဒရာ ကွေ့ပတ်သွားပြီး ဝံပုလွေတွေကို နှေးအောင် လုပ်လိုက်သည်။
ဝံပုလွေတွေကို တစ်ကောင်စီအသက်လျော့အောင် လုပ်နေသည်။
[အနုတ် ၃၀, အနုတ်၃၀, အနုတ်၄၅, ......အနုတ်၃၀]
၁၇မိနစ်အကြာမှာ သူ ဝံပုလွေ၁၂ကောင်လုံးကို သတ်လိုက်နိုင်သည်။
ဝံပုလွေ၁၂ကောင်ကို သတ်လိုက်သည်။
[+၂၀၀% လယ်ဗယ် ဘောနပ်စ်]
[+၂၀% ဆေးရွက် ဘောနပ်စ်]
[+1500 Exp]
[လယ်ဗယ်တက်သွားသည်]
[လယ်ဗယ်တက်သွားသည်]
[လယ်ဗယ်တက်သွားသည်]
[လယ်ဗယ်တက်သွားသည်]
[လယ်ဗယ်တက်သွားသည်]
“ဟားဟားဟား” ရူဒရာက တစ်ခါတည်း လယ်ဗယ်ငါးခုတက်သွားတော့ အရူးတစ်ယောက်လို အော်ရယ်နေသည်။
YOU ARE READING
အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)
AdventureMMORPG: Rebirth of the Strongest Guild Master Chapter - 900+ (Completed) Author - Raj_Shah_7152 Translator - Black Pearl Translation Team