အခန်း ၀၅၀ ။ Tier အဆင့်တိုးမစ်ရှင်

105 11 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း၀၅၀ ။Tier အဆင့်တိုးမစ်ရှင်


ရူဒရာက နောက်ထပ် နေ့တ၀က်ကို လယ်ဗယ် ၃၀ ရောက်အောင် ကြိုးစားနေသည်။ လယ်ဗယ် ၃၀ ရောက်ပြီးနောက် သူ့ရဲ့ တန်ဆာပစ္စည်းတွေ အားလုံးကို လယ်ဗယ် ၃၀ ကို ပြောင်းလိုက်သည်။ ထိုချပ်၀တ်တန်ဆာတွေက သူ့ဂိုဏ်းက ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်သည်။

သူရဲ့ အခြေအနေပြဇယားကို ခေါ်လိုက်သည်။

[ကစားသမားနာမည် - ရှာခူနီ]

[ဘွဲ့ - ဟေဇယ်ဂရုဗ်တိုင်းပြည်၏အမတ်၊ နာမည်ကြီးသော သူရဲကောင်း၊ သောလ်ရွာ၏ ကယ်တင်ရှင်၊ လေးစားစရာ ဆေးဆရာ၊ ဘုရားကျောင်း၏ ကိုယ်စားလှယ်]

[အမျိုးအစား - သူရဲကောင်း]

[အမျိုးအစားခွဲ - မရှိပါ]

[လယ်ဗယ် - ၃၀]

[Tier – 0]

[အခြေအနေဇယား]

[စွမ်းရည် : ၈၇ ခုခံအား : ၇၇]

[ရည်ရွယ်အား : ၇၃ ခွန်အား : ၇၂]

[ကာယစွမ်းအား : ၇၀ အသက် : ၈၀၀၀/၈၀၀၀]

[စာရင်းမသွင်းထားသော ပွိုင့် - ၁၆]

[လျှို့ဝှက်အခြေအနေဇယား]

[ကံကောင်းမှု - ???]

[ဆွဲဆောင်မှု - ???]

[ကံညံ့မှု - ၀]

[အခြေအနေ : ကျန်းမာ]

[ပစ္စည်း - ပြန်လည်ဆန်းသစ်ထားသော ချပ်၀တ်တန်ဆာ (လယ်ဗယ်၃၀) (၇ခု) လစ်ချ် လက်စွပ်]

[လက်နက် - လေခွင်း(ဓား), သာမန်လေး, မြှား, တော်၀င်ပုံစံတူဓား]

[စကေး - အမှောင်ခွင်းတိုက်ကွက်, ဒူရဟယ်စစ်သူကြီးကို ခေါ်ယူခြင်း, လေခွင်းတိုက်ကွက်, ထိခိုက်မှုဒဏ်စုပ်ယူခြင်း, ပေါက်ကွဲအား, အမှောင်ပေါက်ကွဲခင်း, သေမင်းခုတ်ဖြတ်တိုက်ကွက်]

[စီးမြင်း - မရှိသေးပါ]

[အိမ်မွေးတိရစ္ဆာန် - ထူးဆန်းသော ဥ (???)]

သူရဲ့ တန်ဆာပစ္စည်းတွေအားလုံးကို ‌ထုခွဲရောင်းချကာ ဆန်းသစ်ထားသော ချပ်၀တ်တန်ဆာကို ပြန်၀ယ်လိုက်သည်။ ရလဒ်အနေနဲ့ အ‌လေးချိန်ရဲ့ ၇၀ ရာခိုင်နှုန်း လောက် သက်သာသွားပြီး ခုခံအားက ၁၅ရာခိုင်နှုန်းလောက် တိုးလာစေသည်။ ထို့နောက် ခုခံဖိနပ်များပါ ရရှိသည်။ ဂိမ်းထဲတွင် ဒီအခြေအနေမှာ အကောင်းဆုံးအနေနဲ့ ရနိုင်တဲ့ ပစ္စည်းပင်ဖြစ်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora