ဆုကြေး

180 22 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၁၉ ။ ဆုကြေး

[ဘုရားကျောင်း၏ကိုယ်စားလှယ် မစ်ရှင်(၃/၃) ပြီးဆုံး]
[ဆုကြေး : +၅၀၀၀၀ exp
+ ဘုရား‌ကျောင်း၏ကိုယ်စားလှယ်ဘွဲ့
+၅၀ ပလက်တီနမ်ဒဂါးပြား
+????? (ပိုမိုသိရှိရန် အလင်းဘုရားကျောင်းသို့ သွားပါ)
သွေးနီကုန်သည်ကို သတ်လိုက်သည်။
+မြွေစကေးရဲ့ စာအုပ်
+ သတ်ဖြတ်နိုင်သော ဓားသွဦး
+ နတ်ဆိုးဒိုင်ယာရီရဲ့ စာမျက်နှာတခု
+ သွေးနီကုန်သည်ရဲ့ မှတ်တမ်း]

[လယ်ဗယ် တက်သွားသည်]
[လယ်ဗယ် တက်သွားသည်]
[လယ်ဗယ် တက်သွားသည်]
[လယ်ဗယ် တက်သွားသည်]
[လယ်ဗယ် တက်သွားသည်]
[လယ်ဗယ် တက်သွားသည်]
[လယ်ဗယ် တက်သွားသည်]
//ဟေဇယ်ဂရုတိုင်းပြည်ကြေညာချက် : ကစားသမား ရှာခူနီ ဂုဏ်ပြုပါတယ် သင်ဟာ တိုင်းပြည်မှာ ပထမဆုံး လယ်ဗယ် ၂၀ကို တက်ရောက်နိုင်ခဲ့သူပါ လယ်ဗယ် အဆင့်စာရင်းဖွင့်လိုက်သည်//
//ကမ္ဘာတဝှမ်းကြေညာချက် : ကစားသမား ရှာခူနီကို ဂိမ်းရဲ့ အဓိက မစ်ရှင်တွေထဲက တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်//

[+ ကမ္ဘာကျော် ဘွဲ့]

(ဆိုရှယ်မီဒီယာတွင် လူတွေ စကားပြောနေကြသည်)
<ဘာလဲဟ မြေအောက်ခန်းကို ရှင်းခဲ့တာလည်း သူပဲမလား>
<@ရှာခူနီ ကတော့ တကယ့် ဆရာပဲ>
<ဟက်ကာပဲနေမှာ @ရှာခူနီ အဲ့ကောင် ဟက်ကာပဲ သေချာတယ်>
<@ရှာခူနီ က လျှို့ဝှက်သိုင်းပညာမိသားစုကလို့ ကြားတယ်။ သူ့တဘ၀လုံး ဓားသိုင်းကို လေ့ကျင့်လာတာတဲ့>
<@ရှာခူနီ သူ့ကို ကြိုက်တဲ့ ကောင်က အရူးပဲ>
<ငါ့ကို လက်ထပ်ပါ @ရှာခူနီ ငါ့အရပ်က ၅ပေ ၁၀ နဲ့ လှပတဲ့ခြေထောက်တွေရှိပါတယ်>
<သူက ယောကျ်ားလေးမှန်း ဘယ်လိုသိလဲ>
လူပေါင်း ၁သိန်း၇သောင်းက @ရှာခူနီ ကို တစ်နာရီအတွင်း တက်ဂ်တွဲခဲ့သည်။
လူတော်တော်များ ရှယ်တဲ့ ပို့စ်ဖြစ်သည်။

<ငါ့အထင်တော့ ရှာခူနီက ဘီတာ စမ်းသပ်သူ ဖြစ်လိမ့်မယ်။ မဟုတ်ရင် ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး သူပဲ အချက်အလက် ပက်ကေ့ချ်ကို ထုတ်ပြီး လူတွေထက် နှာတဖျားသာခဲ့တာလေ။ ဒါပေမယ့် Omega က ဘီတာစမ်းသပ်သူတွေကို ဂိမ်းပေးမဆော့ဘူးမလား အဲ့တော့ ရှာခူနီကို ဘန်းပစ်>

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now