ယူရာ နာကာတိုမီ (ခေါ်) PinkLotus

202 26 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၂၀ ။ ယူရာ နာကာတိုမီ (ခေါ်) PinkLotus

ရူဒရာက ဓားစာခံတွေကို တစ်ယောက်ပြီးတစ်ယောက် ကြိုးဖြည်ပေးနေသည်။ ကောင်မလေးတွေက အချင်းချင်း ဖက်ကာ ငိုနေကြသည်။ ရူဒရာကိုလည်း သူတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်နေကြသည်။ ကုန်သည်က သူတို့ကို ဓားစာခံအဖြစ် ပြန်ပေးဆွဲထားခံရတာဖြစ်သည်..... ကုန်သည်ရဲ့ ရုပ်သေးရုပ်အဖြစ် ကစားခံရပြီး ရွာသားတွေကို ခင်ခင်မင်မင်ပေါင်းပြကာ အရူးလုပ်ကြရသည်။ သူတို့ကို အဆိပ်ခတ်ထားပြီး သော်လ်ရွာက လူတွေကို အရူးလုပ်မှသာ ဖြေဆေးပေးမယ်လို့ ပြောထားသည်။

ကုန်သည်က သော်လ်ရွာက သူတွေကို စမ်းသပ်ချက်အနေနဲ့ အဆိပ်ခတ်ချင်တာ ဖြစ်သည်။ ဘုရားကျောင်းက ရောဂါပိုးကို ကုနိုင်မှာလား ဒီရောဂါပိုးက ပြန့်ပြီး လူတွေ သေကုန်တဲ့အခါ အလင်းဘုရားကျောင်းရဲ့ ပါဝါကို လူတွေ သံသယ၀င်လာကြမလား?

ဘုရား‌ကျောင်းကသာ ကုနိုင်ခဲ့ရင် သော်လ်လိုရွာလေးကနေ ယုံကြည်မှု အပြည့်ရမယ် မကုနိုင်ခဲ့ရင်တော့ မြို့တော်ကလူတွေကိုပါ အဆိပ်ခတ်ပြီး ဘုရား‌ကျောင်းကို ဒုက္ခရောက်အောင်လုပ်မယ်! ကုန်သည်တွေးထားတဲ့ အစီအစဉ်က ကောင်းသားပဲ။

ရူဒရာက ကုန်သည်နောက်က အဖွဲ့အစည်းအကြောင်းကို မေးပေမယ့် ကောင်မလေးတွေလည်း သေချာမသိပေ။ သော်လ်ရွာကနေ ထွက်လာပြီး နောက်တရက်မှာ သူတို့ကို ဖြေဆေးပေးလိုက်ပေမယ့် ဆေးက သတိမေ့စေတာကြောင့် နောက်နေ့ သူတို့ နိုးလာတော့ တိုင်မှာအချည်ခံထားရခြင်း ဖြစ်သည်။ ကုန်သည်က အစီအရင်တခုခုလုပ်နေပုံ ပေါ်သည်။

ကြည့်ရတာ နတ်ဆိုးခေါ်တဲ့ အစီအရင်ကို လုပ်နေတာဖြစ်မည်။

ဒီကိစ္စရဲ့ နောက်ကွယ်က အဖွဲ့အစည်းက ရှေးအစီအရင်တွေရဲ့ အချက်အလက်တွေနဲ့ နတ်ဆိုးဒိုင်ယာရီရဲ့ စာရွက်တွေကို ရရှိထားတာကြောင့် ရင်ဆိုင်ရတာ ခက်မည့်ပုံပင်.

အဓိက မစ်ရှင်ကို ဂရုထားတဲ့သူပဲ ဖြေရှင်းနိုင်မှာ ဆိုပေမယ့် ငါက ဘုရားကျောင်းက ဆုကြေးတွေကို လိုချင်လို့ မစ်ရှင်တွေကို လုပ်တာလေ ရူဒရာက တွေးလိုက်သည်။ ဒီ့ထက် ပိုကြီးတဲ့ ကိစ္စတွေကို သူစိတ်မ၀င်စားပေ။ သူ စိတ်၀င်စားတာက သူ့ ရည်မှန်းချက်တွေသာ ဖြစ်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang