အခန်း ၀၄၉ ။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပြန်လာခြင်း

95 12 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း၀၄၉ ။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပြန်လာခြင်း


(ကလက်ရှ်၏အတွေးများ)

လွန်ခဲ့သောရက်အနည်းငယ်ခန့်ကပင် ကလက်ရှ်သည် ရူဒရာနှင့် ကော်ဖီဆိုင်တစ်ခု၌ Omega ဂိမ်းအကြောင်းပြောခဲ့သည်။

ရူဒရာအား ကစားသမား ရှာခူနီ အကြောင်းပြောနေသော်လည်း ရူဒရာသည် ရှာခူနီ ဖြစ်သည်ကို သူမသိပေ။

ကလက်ရှ်သည် တယ်လီဗေးရှင်းအစီအစဉ်တစ်ခု၌ ရူဒရာအကြောင်းမြင်သောအခါ အလွန်ပင် အံ့သြခဲ့ရသလို ဂုဏ်ယူစိတ်ဖြင့်ပျော်ရွှင်ခဲ့လေသည်။

ရူဒရာတွင် ဤကဲ့သို့ ပါရမီရှိသည်ကို ယခင်ကတည်းက သိခဲ့သဖြင့် ယခုကဲ့သို့ အမြင့်သိုရောက်နေသည်ကို ပျော်ရွှင်နေလေသည်။

ထို့ကြောင့် လက်ဆောင်များဖြင့် ရာဂျ်ပွဒ်အိမ်တော်သို့ သူ၏ ဦးလေး၊ အဒေါ်တို့ဖြင့် ဂုဏ်ပြုပွဲပြုလုပ်ရန်သွားသော်လည်း အခန်းတွင် လူများမရှိပေ။

အိမ်နီးချင်းတယောက်ကမြင်သောအခါ " သူတို့က မင်းလိုပဲ ဘယ်သူ့ကိုမှ မပြောသွားဘူး။ ခုသူတို့က အတော့်ကိုနာမည်ကြီးနေပြီ။ အိမ်နီးချင်းတွေနဲ့အဆက်အသွယ်ဖြတ်သွားတာလေ" ဟုပြောလာသည်။

ဤစကားသည် ကလက်ရှ်အား အတော်ပင် နာကျင်စေသည်။

ပိုက်ဆံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျော်ကြားသည်စေ မကျော်ကြားသည်ဖြစ်စေ၊ အာဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရူဒရာဟာသူ၏သူငယ်ချင်းပင်လောဟု တွေးနေလေသည်။

သို့သော် အတွေးများက သူ့အား လွှမ်းမိုးလျက်။

တိုင်းပြည်က မထွက်ခင် သူ့အားအဆက်သွယ် မပြုလုပ်ခဲ့သလို ဂိမ်းတွင်လဲ အဆက်အသွယ်မရှိပေ။ အောင်မြင်မှုက သူ့အား ပြောင်းလဲ လိုက်ပြီလော???

ဒါကြောင့်ပင် သူသည် ရူဒရာအား မဆက်သွယ်ခဲ့ပေ။

ရူဒရာအတွက်ပျော်ရွှင်သော်လည်း သူ့ထံတွင် ခေါ်ဆိုရန် အားအင်မရှိ။

အများသူများကဲ့သို့ ဂုဏ်ပြုချင်သော်လည်း မဆက်သွယ်ခဲ့ချေ။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora