အခန်း ၀၇၅ ။ အားလုံးအတွက်လက်ဆောင်

76 7 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း ၀၇၅ ။ အားလုံးအတွက်လက်ဆောင်


ရူဒရာက ဂိုဏ်းအစည်းအ‌ဝေးခန်းမထဲမှာ အစည်းအ‌ဝေးခေါ်လိုက်သည်။ အကုန်လုံးက စု‌ဝေးလာကြပြီး ရူဒရာက သူတို့ကို နှုတ်ပိတ်စာချုပ်ထိုးခိုင်းလိုက်ပြီး ဂိုဏ်းရဲ့လက်ရှိအခြေအနေကို အဖွဲ့၀င်တွေ အကုန်လုံးကို ရှင်းပြလိုက်သည်။

"အိုကေ ငါ့လူတို့ ပထမဆုံး သတင်းဆိုးတွေရှိတယ်။ ငါတို့အရင်လို ဗုံးတွေ သုံးလို့မရတော့ဘူး။ ဗုံးတွေထုတ်လုပ်လို့လည်း မရတော့သလို လဲလှယ်လို့လည်း မရတော့ဘူး။ ငါတို့ရဲ့ အကောင်းဆုံးလက်နက်က ဖျက်သိမ်းခံလိုက်ရပြီ" ရူဒရာ လေးပင်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့ရဲ့ လက်ကျန်ဗုံးကိုတော့ သုံးလို့ရတယ်။ ဒါပေမဲ့လည်း အကန့်အသတ်နဲ့ ရှိတာမို့ သေသေချာချာအသုံးပြုရမယ်။ ဒါပေမဲ့ အကြပ်ရိုက်တဲ့ အခြေအနေတော့ မဟုတ်ဘူး။ ထပ်ပြီးတော့ အသစ်ထပ်ထုတ်လို့ မရတာကြောင့် အကုန်လုံးက ကျန်ရှိတဲ့ဗုံးတွေကို သေသေချာချာ ထိန်းသိမ်းသုံးရမယ်"

ဂိုဏ်းထဲတွင် အကုန်လုံးက တိတ်ဆိတ်နေကြသည်။ အဖွဲ့၀င်တွေက ပြောစရာစကားမဲ့နေကြသည်။ လုံး၀ကို ဒါက ရုတ်တရက် အခြေအနေဖြစ်သည်။

အဓိက အဖွဲ့၀င်တွေကတော့ တည်ငြိမ်နေကြပြီး ခါနာက အရူးတစ်ယောက်လိုပြုံးနေသည်။

"အခု သတင်းကောင်းကတော့ ဒီကန့်သတ်မှုက ဂိုဏ်းရဲ့ကိုယ်စားပြုနဲ့ ကူဘာကော်ပရေးရှင်းက လက်မှတ်ထိုးထားတာဖြစ်တယ်။ ဒါက လိုလိုလားလားလုပ်တာပါ။ အတင်းခြိမ်းခြောက်မခံရပါဘူး။ ဗုံးအသုံးပြုမှုက ဂိမ်းရဲ့မျှခြေကို မညီစေလို့ သူတို့က ကန့်သတ်လိုက်တာပဲ။ ဒါပေမယ့် ဗုံးထပ်မထုတ်တော့တဲ့အနေနဲ့ သူတို့ဆီကနေ တခြားပစ္စည်းတွေ တောင်းဆိုထားတယ်" ရူဒရာက ပြုံးလိုက်သည်။

ပိုပြီးတော့ အခြေအနေက တမျိုးဖြစ်လာသည်.... ဂိမ်းကုမ္ပဏီကနေ အမြတ်ထုတ်လာတာကို ဒီတိုင်း ထုတ်ပြောပြနေတာလား ဘာတွေ ဖြစ်နေတာလဲ?

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now