အခန်း ၀၃၆ ။ ကမ္ဘာကြီးကိုအံ့ဩတုန်လှုပ်သွားစေသော

81 12 0
                                    

အသန်မာဆုံးဂိုဏ်းသခင်အခန်း ၀၃၆ ။ ကမ္ဘာကြီးကိုအံ့ဩတုန်လှုပ်သွားစေသော

(ဂရေးတာဝါတွင် အခန်းတစ်ခုလုံး ကမ္ဘာတစ်ဝှမ်းက သတင်းထောက်များနဲ့ ပြည့်နှက်နေသည်)

တစ်ခန်းလုံး သတင်းထောက်တွေ ပြည့်နေပေမယ့် စင်ပေါ်မှာတော့ လူ ၅ ယောက်သာရှိသည်။ အလယ်မှာတော့ အီသန်ဂရေး၊ သူ့ညာလက်တွင် ရူဒရာ၊ ဘယ်ဘက်တွင် အက်ဒမ်နဲ့ ဂရေးအင်တာနေးရှင်နယ်က အကြီးအကဲနှစ်ယောက်က ဘေးတွင် ရှိကြသည်။

"လူကြီးမိဘပြည်သူအ‌ပေါင်းတို့ကို ကြိုဆိုပါတယ်။ ဒီကနေ့ ဂရေးအင်တာနေးရှင်နယ်က ထရီလီယမ်ဒေါ်လာ စျေးကွက်အသစ်ဖြစ်တဲ့ Omega ကို စတင်၀င်ရောက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်။ ဒီဂိမ်းက တစ်ကမ္ဘာလုံးကို ပြောင်းလဲသွားစေပြီး UN က ဒီဂိမ်းထဲက ငွေကြေးကို အပြင်လောကက ‌‌ငွေကြေးနဲ့ လဲလှယ်လို့ ရကြောင်း အတည်ပြုလိုက်ပါပြီ။ ဆိုလိုတာက ဒီဂိမ်းက ဂိမ်းသက်သက်မဟုတ်တော့ပဲ အလုပ်တစ်ခု ငွေထွက်လာနိုင်တဲ့ အရင်းအမြစ်တစ်ခုလို့ ပြောလို့ရပါတယ်"

အီသန်က ရပ်ကာ ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်သည်... နေရာတိုင်းတွင် ကင်မရာမီးများ လင်းနေပြီး တချို့ဒရုန်းတွေကလည်း လေပေါ်ကနေ ရိုက်ကူးနေကြသည်... ဒီနေရာက သီးသန့်နေရာဆိုပေမယ့် ဒီအင်တာဗျူးကို ကမ္ဘာတစ်လွှမ်း အဓိက ချန်နယ်ပေါင်း ၃၀၀၀ ကျော်ကနေ အချိန်နဲ့ တပြေးညီထုတ်လွှင့်နေတာဖြစ်သည်။ ဒီကိစ္စက Omega နဲ့ပတ်သတ်တဲ့ကိစ္စဆိုတော့ ပိုနာမည်ကြီးသည်။

သူက ဆက်ပြောသည်။
"အားလုံးသိကြတဲ့အတိုင်း ဂိမ်းစျေးကွက်မှာ ဦး‌ဆောင်နိုင်ဖို့ကို အရမ်းကို ကောင်းမွန်တဲ့ အရည်အချင်းနဲ့ ဂိုဏ်းကအဓိက ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂရေးအင်တာနေးရှင်နယ်က အကောင်းဆုံးတွေကို ယူလာပေးပါတယ်။ ဂိမ်းထဲက အဓိကဂိုဏ်းဖြစ်တဲ့ အဖွဲ့၀င်ပေါင်း ၁ မီလီယမ်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ <<ဂရေးစစ်သည်တော်>> ကို ဦးဆောင်တဲ့ အရည်အချင်းရှိ ဂိုဏ်းခေါင်းဆောင်ကတော့ အက်ဒမ် ဝှိုက်ဒ် ဖြစ်ပါတယ်"

ကင်မရာမီးရောင်တွေနဲ့ အခန်းထဲမှာ လူတွေက လက်ခုပ်သြဘာပေးကြသည်။ အက်ဒမ်လို ထိပ်တန်းကစားသမားကို ရယူနိုင်တဲ့ ဂရေးအင်တာနေးရှင်နယ်ရဲ့ သြဇာကို အံ့သြနေကြသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora