အပိုင်း ၀၄၆ ။ ၅၀ Vs ၂၀၀၀၊ ကမ္ဘာကြီးကိုတုန်လှုပ်စေခြင်း

94 10 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အပိုင်း၀၄၆ ။ ၅၀ Vs ၂၀၀၀၊ ကမ္ဘာကြီးကိုတုန်လှုပ်စေခြင်း


" နောက်ဆုံးတော့ မစ္စတာရှာခူနီကိုတွေ့ရပြီပေါ့" ဒေါနယ်၏အသံထဲတွင် မုန်းတီးမှုများသိသိသာသာပါဝင်လို့နေလေသည်။ သူ့မျက်နှာတွင်လဲ မဲ့ပြုံးတစ်ခုရှိနေကာ... ရူဒရာနှင့်သူ့ဂိုဏ်းကို မကြာခင်မှာပဲ သူသတ်နိုင်တော့မည်ဟု အတတ်သိနေသလိုပင်။ "မင်းတို့ငါ့ကို နှစ်ခါကြောသွားတယ်။ ငါ့ကိုနှစ်ခါတောင်ကြောသွားတဲ့လူကို သနားညှာတာမှုမပေးနိုင်ဘူး။ ဒီတော့ မင်းတို့မြို့ကိုအမြန်ဆုံးနည်းနဲ့ပြန်ရောက်သွားအောင်လုပ်ပေးမယ်။ ဒါကြောင့် အချိန်ကုန်ခံမနေဘဲ သေလိုက်ကြတော့။"

ရူဒရာသက်ပြင်းချလိုက်သည်။ သူ့ပုံစံက အလွန်ပင်းပန်နေပုံပေါက်ကာ.. အပြင်လူအနေနှင့်ကြည့်မည်ဆိုလျှင် သူသည် ကူကယ်ရာမဲ့နေသည့် သနားစရာလူတစ်ယောက်လိုမျိုး ထင်မြင်နိုင်ပေမည်... သို့သော်လည်း နောက်ပိုင်းသူ့ပါးစပ်မှထွက်သမျှစကားတိုင်းသည် ထင်မြင်ချက်နှင့်လုံးဝမကိုက်ညီပေ။ "စိတ်တော့မကောင်းပါဘူး... ငါမင်းနာမည်မေ့နေတယ်။ ထားပါ ဒါကအရေးမကြီးပါဘူး။ ငါကလည်း ငါ့လမ်းကိုပိတ်ရပ်တဲ့ကောင်တွေကို သနားညှာတာလေ့မရှိဘူး။ အဲ့လိုပဲ ငါ့ဂိုဏ်းကို အန္တရာယ်ပြုဖို့လုပ်တဲ့လူတွေဆိုရင် ပိုလို့တောင်မှ မညှာဘူး။ မင်းလည်းရောက်နေပြီဆိုမှတော့ မင်းရဲ့စည်းမရှိတဲ့ပါးစပ်ကို ပညာပေးရမှာပေါ့။ အချိန်ကုန်တယ်ဆိုတာ ဘာလဲ မင်းကိုပြပေးမယ်"

ဒေါ်နယ်သည် အဖွဲ့၏ရှေ့ဆုံးတွင်ရပ်နေခြင်းဖြစ်ကာ ရူဒရာနှင့်ဆိုလျှင် မီတာ၃၀လောက်ဝေးသည်။ သူ့ဘေးနားတွင်တော့ ဂိုဏ်းမှအဆင့်မြင့်ကစားသမားအယောက် ၂၀ကျော်လောက်ရှိနေတာကြောင့် သူဝတ်ထားသည့်ဝတ်စုံက ထိပ်တန်းအဆင့်အကာအကွယ်ဖြစ်နေတာ အသာထားဦး ဒီလူတွေနဲ့တင် တိုက်ခိုက်မှုတွေကို ကောင်းကောင်းကာကွယ်နိုင်နေပေပြီ။ ဒါကြောင့် သူ ရူဒရာကို ကြည့်နေသည့်အချိန်တွင် သူ့ကိုယ်သူ သေမင်းတစ်ယောက်လိုမျိုး ထင်မှတ်နေခဲ့သည်...

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora