အခန်း ၀၄၃ ။ အနိုင်ယူခြင်း

113 10 0
                                    

အသန်မာဆုံးဂိုဏ်းသခင်အခန်း၀၄၃ ။ အနိုင်ယူခြင်း

ခေါင်းဆောင်တွေနဲ့တိုက်ခိုက်ရတာ ခက်ခဲလှသည်။

အကြောင်းကတော့ သူတို့မှာ သွေးပြန်တက်တဲ့ ကုသရေးအစွမ်းတွေရှိကြလို့ပင်။

ဒါကတကယ်ကိုခက်ခဲတဲ့အပြင် သူတို့ရဲ့လက်နက်တွေဟာ critical damage အများကြီးကိုလဲ ဖြစ်ဖို့လွယ်စေသည်။

တိုက်ခိုက်မှုခံမဲ့သူတွေသာ ကျဆုံးသွားရင် တကယ်ကိုဒုက္ခရောက်မှာ ဖြစ်လေသည်။

အရှေ့က ခေါင်းဆောင်တွေနဲ့မတူတာက မှင်စာဘုရင်သည် အလွန်လျင်မြန်ကြကာ အဝေးကတိုက်ခိုက်မှုတစ်ခုတည်းကသာအလုပ်ဖြစ်ပေမည်။

တိုက်ခိုက်မှုဒဏ်ခံနိုင်တဲ့သူတွေသာလျှင် မှင်စာဘုရင်ရဲ့ တိုက်ခိုက်သာကိုကြံ့ကြံ့ခံနိုင်ရင်.....

ရူဒရာဟာအဖွဲ့ကိုဦးဆောင်ကာ မှင်စာဘုရင်နေတဲ့အခန်းထဲသို့ခေါ်ဆောင်ခဲ့သည်။

ရူဒရာ နားထဲအထပ်ထပ်အခါခါကြားနေရတာဟာ " မင်းတို့့ငါ့သည်းခံမှုကို ချိုးဖျက်လိုက်ပြီ။ မင်းတို့့ကိုကျဆုံးအောင်လုပ်ပြမယ်" ဆိုသည့် မှင်စာဘုရင်ရဲ့ပြောစကား.....

မှင်စာဘုရင်(lord): လယ်ဗယ် ၃၈ (သွေး ၁၀၀၀၀၀/၁၀၀၀၀၀) မှင်စာအားလုံး၏ဘုရင်၊ ဘော့စ်အားလုံး၏ဘော့စ်ထိပ်ခေါင်၊ မင်းတို့့အသက်ရှင်ဖို့သာဆုတောင်းကြတော့....

သူ့ရဲ့သွေးပမာဏကိုကြည့်ရုံတင် ဒီအခြေအနေဟာ ကစားသမားအားလုံးကိုကြောက်ရွံ့စေသည်။

မှင်စာဘုရင်သည် ဘယ်ရှုထောင့်ကကြည့်ကြည့် အလွန်ကြောက်စရာကောင်းလှသည်။

သူ့ရဲ့ ခန္ဓာကိုယ်အရွယ်အစား၊ကြွက်သားထု၊ အမြန်နှုန်း၊ တိုက်ခိုက်နိုင်စွမ်း၊ မှော်အသုံးပြုခြင်းသာမက သူကိုင်ဆောင်တဲ့ဓါးဟာလဲ လူတယောက်အရပ်ပမာ မြင့်မားလေသည်။

အားလုံးသိတာဟာ သူ့ကိုဘယ်သူမှ မယှဉ်နိုင်ဘူးဆိုသည်မှလွဲ၍ မရှိ။

ရူဒရာဟာလဲ တိုက်ခိုက်ရန် အဖွဲ့ကိုအသင့်ပြင်ခိုင်းခဲ့သည်။

"ဒိုင်းတွေနေရာယူ၊ တိုက်ခိုက်မဲ့သူတွေအသင့်ပြင်၊ မှော်သုံးမဲ့သူတွေနဲ့ လေးသမားတွေက ငါတို့့အတွက်တစ်ခုထဲသော အောင်နိုင်ခြင်းပဲ"

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now