အခန်း ၀၃၇ ။ ဂိမ်းထဲသို့ပြန် : ဂိုဏ်းအဖွဲ့ဝင်ခေါ်ယူခြင်း

103 14 0
                                    

အသန်မာဆုံးဂိုဏ်းသခင်အခန်း ၀၃၇ ။ ဂိမ်းထဲသို့ပြန်: ဂိုဏ်းအဖွဲ့ဝင်ခေါ်ယူခြင်း

(ဂိမ်းကမ္ဘာ ခရမ်းမြူမြို့)

//စစ်စတမ် ကြေညာချက် : အဆင့်မြှင့်ခြင်း ၁ ပြီးဆုံးပါပြီ အသစ်ရတဲ့ ၀န်ဆောင်မှုတွေကတော့ ဒါတွေပါ

၁)လေလံအိမ် ဖွင့်ပါပြီ ကစားသမားတွေက သူတို့ပစ္စည်းတွေကို လေလံအိမ်ကနေ ရောင်းနိုင်၀ယ်နိုင်ပါသည်။ ငွေအလဲအလှယ်လည်း ဖွင့်ပါပြီ တကမ္ဘာလုံးက ငွေကြေးတွေကို ဂိမ်းငွေကြေးစနစ်ကို ပြောင်းလဲနိုင်ပါပြီ ထိုနည်းတူ ဂိမ်းငွေကြေးကိုလည်း ပြန်ပြောင်းလဲနိုင်ပါသည်။ လေလံအိမ်ရဲ့ ၀န်ဆောင်မှုကြေးကတော့ ငွေတခါလွှဲရင် ၅ ရာခိုင်နှုန်း ပုံသေဖြစ်ပါသည်။

၂)Exp ရတဲ့ ဟိုတယ်တွေကို ပယ်ဖျက်လိုက်ပါပြီ အခန်းငှားပြီးတော့ နေနိုင်ပါသေးတယ်

၃) လက်နက်တွေက အခု နှစ်မျိုး အခြေအနေရှိပါပြီ... အရမ်းသုံးမိလို့ ထိခိုက်ပျက်စီးပါက ပန်းပဲဆရာဆီသွားပြီး ပြင်နိုင်ပါတယ်

၄) လက်နက်နဲ့ စကေးရွေးချယ်မှုတွေကို အခြေအနေပြဇယားထဲမှာ ထည့်ထားပါတယ်

၅) တိုင်းပြည်ရဲ့ မျိုးရိုးမြင့်ဖြစ်နိုင်တဲ့ နည်းလမ်းကို ပြန်လည်စစ်ဆေးပြင်ဆင်ထားပါတယ် အသေးစိတ်ရှင်းပြချက်ကို လူမှုကွန်ရက်စာမျက်နှာတွင်ကြည့်ပါ

(မှတ်ချက် : လက်ရှိမျိုးရိုးမြင့်တွေအတွက် မပါ၀င်ပါ)

၆) ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းပြဇယားကို ထည့်ထားပါတယ် PK က မင်းရဲ့ ကံဆိုးခြင်းကို တိုးစေပြီး လယ်ဗယ်ဒဏ်ကြေးနဲ့ ပစ္စည်းတွေပါ လျော့ကျသွားစေပါသည်။ ရွှေတွေကိုသုံးပြီး ဘုရားကျောင်းကို လှူကာ ကံညံ့ခြင်းကို လျော့ကျစေနိုင်ပါတယ် ကံညံ့ခြင်းအမှတ်များနေတဲ့ ကစားသမားတွေက မြို့ထဲကို ၀င်ခွင့်မပြုပါ

၇) ခုခံလက်နက်တွေမှာလည်း လယ်ဗယ်သတ်မှတ်ချက်ရှိပါမယ် လက်နက်တစ်ခုကို ကိုင်စွဲဖို့ လုံလောက်တဲ့ လယ်ဗယ်သတ်မှတ်ချက်ရောက်မှသာ ကိုင်နိုင်ပါတယ် နောက်ထပ် လယ်ဗယ် ၂၀ လောက်ထိပဲ အသုံး၀င်ပါတယ်... အဲ့နောက်ပိုင်း အသုံးမ၀င်ပါ (ပစ္စည်းတစ်ခုကို လယ်ဗယ် ၅ ခု တစ်ခါ ၁၀ ခု တစ်ခါလဲသင့်ပါတယ်)

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now