အသန်မာဆုံးဂိုဏ်းသခင်
အခန်း၀၅၇ ။ တိုက်ပွဲပြင်ဆင်ခြင်း၊ နိမ့်ချ၍
"ငါ့ဓားက ဘာဖြစ်နေတာလဲ" ရူဒရာက မေးလိုက်သည်။ တော်ဝင်ဓား(မှော်ဓား)က ပုံတူလုပ်ထားတာဆိုပေမယ့်လည်း သူ့စွမ်းရည်တွေက အရမ်းကိုကောင်းသည်။
ပတ်ထရစ်ရှာက "အဲ့ဓားက ချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဂိုဏ်းဂိုထောင်ထဲက အညံ့ဆုံးဓားနဲ့တောင် မယှဉ်နိုင်ရှာဘူး"
ရူဒရာ အံ့သြသွားသည်.... တော်ဝင်ဓား(မှော်ဓား)က ရွှေနက်ရောင်အဆင့်ဓားဖြစ်သည်။ ထိုအိမ်တော်ရဲ့ ဂိုထောင်ထဲက ဓားက ဘယ်လိုပုံစံမျိုးမလို့လဲ။
"ဒါပေမဲ့ မင်းက အဲ့လိုဓားမျိုး လုပ်ဖို့ အားနည်းလွန်းတယ်။ ရဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူး။ မင်းသေချာလုပ်ရင် အနာဂတ်မှာ..... မင်းကို တကယ့်အလှလေး ဆုချပေးမယ်" ပတ်ထရစ်ရှာက ပြုံးလိုက်သည်။
"အခုတော့ မင်းလက်ထဲမှာ အမှိုက်ကို အသုံး၀င်အောင် အရင်လုပ်ကြတာပေါ့..." ထိုသို့ပြောကာ ရူဒရာ ဓားကို ယူလိုက်ပြီး စွမ်းအင်ကျောက်တုံးတွေနဲ့ စွမ်းအင်တွေ ပြင်ဆင်ထည့်ပေးနေသည်။
ဒါတွေက သာမန်ကျောက်တုံးတွေ မဟုတ်ပေ။ လက်နက်တွေကို အင်အားဖြည့်တာက အလွန်နက်နဲလှသော အလုပ်တစ်ခုဖြစ်သည်။ အများဆုံး +၁၅ တို့းနိုင်သည်။ အင်အားဖြည့်စဉ်တို့င်းမှာ အောင်မြင်နိုင်ဖို့ ၄၀ ရာခိုင်နှုန်းရှိပြီး မအောင်မြင်ဖို့က ၆၀ ရာခိုင်နှုန်းရှိသည်။ ဓားတစ်လက်ကို စွမ်းအင် ၅ ပွိုင့်တို့းရင်း မအောင်မြင်ပါက စွမ်းအင်က သုညသို့ ပြန်ပြုတ်ကျသွားမည်ဖြစ်သည်။ အဲ့တော့ +၁၅ ပွိုင့်က မဖြစ်နိုင်တဲ့ အိမ်မက်ဖြစ်ပြီး +၇ , +၈ စွမ်းအင်တို့းထားတဲ့ လက်နက်က တော်တော့်ကို အဖိုးတန်သည်။
သို့သော် ပတ်ထရစ်ရှာက +၁၀ စွမ်းအင်ကျောက်တုံးကို ထုတ်လာသည်။ ဒီကျောက်တုံးရဲ့ တန်ဖိုးက ပလက်တီနမ်ပြား ၁၀၀ လောက်ရှိသည်။ သို့သော် သူမက ရူဒရာရဲ့မှော်ဓားကို စွမ်းအင်ဖြည့်ဖို့ ဘာမှမဟုတ်တဲ့ ကျောက်တုံးလေးလို ယူလာလေသည်။ သန့်စင်အားမြင့်တဲ့ မီးကျောက်တုံးနဲ့ ပေါင်းလိုက်သည်။ ထိုသို့ပေါင်းလိုက်ခြင်းကြောင့် ဓားနဲ့ဖြတ်မိတဲ့ သူတို့င်း မီးတောက်ဒဏ်ကို ခံစားရမည်ဖြစ်သည်။
VOUS LISEZ
အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)
AventureMMORPG: Rebirth of the Strongest Guild Master Chapter - 900+ (Completed) Author - Raj_Shah_7152 Translator - Black Pearl Translation Team