အခန်း ၀၃၃ ။ လေလံပွဲ (၃)

82 13 0
                                    

အသန်မာဆုံးဂိုဏ်းသခင်အခန်း ၀၃၃ ။ လေလံပွဲ(၃)

ရွှေပြား ၃၀၀က ဒီပစ္စည်းအတွက် ရူဒရာ ပေးချင်တဲ့စျေးရဲ့ ထိပ်ဖျားလေးသာ ရှိသည်... တိုင်းပြည်ရဲ့ အထူးပစ္စည်းကို သူ လက်လွှတ်ရရင်တောင် ဒီပစ္စည်းကို လက်မလွှတ်နိုင်ပေ။

သူ့မျှော်မှန်းချက်အရ ဒီပစ္စည်းကို ဘယ်သူမှ လေလံမဆွဲကြပေ။ ဒီပစ္စည်းတန်ဖိုးကို သူတွေ မသိကြတာလား၊ ရူဒရာနဲ့ စျေးချင်း မယှဉ်နိုင်ကြတာလား မသိပေမယ့်....

"ရွှေပြား ၃၀၀ တကြိမ်"

"ရွှေပြား ၃၀၀ နှစ်ကြိမ်"

"ရောင်းလိုက်ပါပြီ! ဗီအိုင်ပီ ၁ က လူကို ရောင်းလိုက်ပါပြီ"...အဲ့တာနဲ့ပဲ သူ့လက်ထဲတွင် ရွှေပြား ၁၈၅၀ သာ ကျန်တော့သည်။

ရူဒရာက အရမ်းပျော်နေသည်...ဟားဟား....ငါချမ်းသာတော့မယ်ကွ!

Orange Rock ရဲ့ သခင်လေးကတော့ စိတ်ထဲတွင် ကြိတ်ရယ်နေသည်... အခု သူ ရွှေပြား ၉၅၀ တောင် သုံးပြီးသွားပြီဆိုတော့ မွဲပြာကျတော့မယ်... ဟားဟား ကျန်တဲ့ ပစ္စည်းနှစ်ခုက ငါ့အပိုင်ပဲ သူထပ်၀ယ်နိုင်မှာ မဟုတ်တော့ဘူး။

သူ ကျေနပ်သွားသည်.... ရူဒရာ မှာ ပိုက်ဆံထပ်ရှိသေးမယ်လို့ သူ မထင်မှတ်ထားပေ..... သူက Orange Rock ဂိုဏ်းရဲ့ ပိုင်ဆိုင်မှု အားလုံးကို ယူလာတာဖြစ်သည်... ငွေပမာဏက နည်းနည်းလေး မဟုတ်ပေ.... ရွှေတွေကို ဂိမ်းစကတည်းက မှောင်ခိုစျေးကွက်မှာ ပရီမီယမ်စျေးနဲ့ ၀ယ်စုထားတာကြောင့် အများကြီး ချမ်းသာနေသည်... ဘယ်အဖွဲ့ကမှ ဘယ်တစ်ဦးတည်း ကစားသမားကမှ သူ့လောက်ပိုက်ဆံမရှိနိုင်ပေ..... ဒါကတော့ မဖြစ်နိုင်ပေ။

ဒုတိယနောက်ဆုံး ပစ္စည်းက ထွက်လာသည်။

စကေးတစ်ခုဖြစ်သည်။

(မိုးကြိုးပစ်ချက်) (စကေး) - ရန်သူကို မိုးကြိုးဖြင့် ပစ်လို့ရသည်။

စတင်စျေး - ရွှေပြား ၅၀၀

မြှင့်တင်စျေးနှုန်း - ရွှေပြား ၅၀

လက်ငင်းစျေးမရှိပါ

ထိုစကေးက အသုံး၀င်သည်... ပစ္စည်းတန်ဖိုးက သူ့ရဲ့ ရှားပါးမှုကြောင့်ဖြစ်သည်... နောက်အနှစ် ၂၀ မှာ ဒီစကေးရှိတဲ့ သူက အယောက် ၃၀ သာ ရှိတော့သည်.

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now