အခန်း ၀၃၈ ။ အင်တာဗျူး

96 13 0
                                    

အသန်မာဆုံးဂိုဏ်းသခင်အခန်း ၀၃၈ ။ အင်တာဗျူး

လေ့ကျင့်ရေးနေရာမှာ လူပေါင်း ၁.၃ မီလီယမ်က အဆင့်A နဲ့နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် ကြိုးစားနေကြသည်။ သို့သော် လာရောက်သူရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အဆင့်Cတောင် မရခဲ့ပေ။

အဆင့် C ရတဲ့သူက ၅ ရာခိုင်နှုန်း

B ရတဲ့သူက ၃ ရာခိုင်နှုန်း

A ရတဲ့သူက ၁ ရာခိုင်နှုန်းသာ ရှိသည်။

S အဆင့်ရတဲ့ သူက လက်ချိုးရေလို့ ရပြီး

အဆင့် SS ရတဲ့သူက တစ်ယောက်သာ ရှိသည်။

အာလုံးပေါင်း လူ ၁.၃ မီလီယမ်မှာ လူ ၁၅၀၀ ပဲ ပထမတစ်ဆင့်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့သည်။ ဒီလိုပယ်ချနိုင်နှုန်းက တော်တော်အင်မတန်အံ့သြစရာကောင်းလှသည်။ <<True Elites >> တစ်‌ယောက်ဖြစ်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်တာလဲ?

အဆင့် ၂ ကို ရောက်ခဲ့တဲ့ လူပေါင်း ၁၅၀၀ တွင် AI က ထိပ်ဆုံး လူ အယောက်၁၀၀ကိုသာ အအောင်ပေးလိုက်ပြီး အင်တာဗျူးအဆင့်ကို တက်လှမ်းစေသည်။ ပယ်ချခံရသော လူ ၁၄၀၀ ထဲမှာ လူတော်တော်များများက ဒေါသထွက်သွားသည်။ အခုချိန်ထိ စစ်ဆေးချက်တွေကလည်း တရားမျှတမှုရှိတာ သိနေတာကြောင့် စစ်ဆေးချက်မအောင်တာကို ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပေ။ လူတစ်ယောက်ရဲ့ အရည်အချင်းပေါ်တွင်သာ မူတည်သည်။ သို့သော် ဒါတွေအကုန်လုံးက အင်တာဗျူးအဆင့်တွင် ပြောင်းလဲသွားသည်။

သူ အင်တာဗျူးသမျှတိုင်းကို ကစားသမားတွေက မှတ်တမ်းရိုက်ကူးထားမှာကို ရူဒရာ ကောင်းကောင်းသိသည်။ ဆုံးဖြတ်ချက်တိုင်း ရွေးချယ်မှုတိုင်းကို အမှားမပါအောင် သေချာကြည့်ရှုစစ်ဆေးရမည် ဖြစ်သည်။ သို့သော် ရူဒရာက နည်းနည်းမှ မဖြုံ‌ပေ။ သူလိုအပ်တာက သစ္စာရှိပြီး ကိုယ်ကျင့်တရားကို ပြုပြင်နိုင်တဲ့သူကိုသာ လိုအပ်တာကို သူ ကောင်းကောင်းသိသည်။ သင်ယူလိုစိတ်ရှိတဲ့သူကိုသာ လိုချင်ပြီး ငါက သူများတွေထက်သာတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့လူကို မလိုချင်ပေ။

အင်တာဗျူးက ဂိုဏ်းရဲ့ခန်းမတွင် ပြုလုပ်ပြီး ရူဒရာနဲ့ ခါနာက ခန်းမထဲတွင် ထိုင်နေသည်။ လာရောက်ဖြေဆိုသူတွေအတွက် ခုံတွေလည်း ချထားပေးသည်။ ပလက်တီနမ်ဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားမှုကို လာရောက်ဖြေဆိုသူတွေက အံ့သြနေကြသည်... ဂိုဏ်းထဲက ပစ္စည်းတိုင်းက ကြွယ်၀ချမ်းသာမှုကို ဖော်ပြနေသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Unde poveștirile trăiesc. Descoperă acum