အခန်း ၀၇၉ ။ ခေါင်းလောင်းမစ်ရှင်

56 4 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း ၀၇၉ ။ ခေါင်းလောင်းမစ်ရှင်


ရူဒရာအတွက် အရေးအကြီးဆုံးအရာက ထိပ်ဆုံး ပစ္စည်းနှစ်ခုကို အလဲအလှယ်ရယူဖို့ လိုအပ်တဲ့ မဲရစ်ပွိုင့်တွေ ဖြည့်ဖို့ပင်...

အိုရိုချီမာရုကို ခေါ်ပြီးနောက် ရူဒရာက မဲရစ်ပွိုင့် ၁သောင်း ၈ထောင်ရခဲ့သည်။ ဆိုလိုတာက ပွိုင့် ၁သိန်းခွဲရဖို့အတွက် ၁‌သောင်းခွဲသာ ထပ်လိုတော့သည်။

အိုရိုချီမာရု ခေါင်းလောင်းမစ်ရှင်ကို အောင်မြင်သွားတာနဲ့ ပတ်သတ်ပြီး ကောင်းတဲ့အချက်က မစ်ရှင်ကပါ နာမည်ကြီးသွားလေသည်။ ဟေဇယ်ဂရုဗ်တိုင်းပြည်တွင် ကစားသမားတိုင်းက ထိုမစ်ရှင်ကို ဆော့ချင်လာကြသည်။ ထိုပွဲက အရမ်းနာမည်ကြီးလာပြီး ကိုယ့်ခွန်အားကို စမ်းသပ်ဖို့အတွက် ပွဲကောင်းတစ်ပွဲဖြစ်လာသည်။

၇ရက်တာပွဲရဲ့ နောက်ဆုံးနေ့‌တွေ ခေါင်းလောင်းမစ်ရှင်က နာမည်ကြီးလာတာကို မြင်တော့ ဂိမ်းကုမ္ပဏီ ကူဘာက ထိုမစ်ရှင်ကို သုံးပိုင်းခွဲလိုက်သည်။ မဲရစ်ပွိုင့်တွေ စုပြီးနောက်မှာ နောက်ဆုံးနေ့အတွက် အခမဲ့ဝင်ကြေးဖြင့် ဒီနေ့ တနေ့တည်းသာ ပေးဆော့ခွင့်ပြုလိုက်သည်။

အဆင့် ၃ ပိုင်းမှာ အလွယ်အဆင့် ပုံမှန်အဆင့် အခက်ဆုံးအဆင့်ဖြစ်သည်။

ပုံမှန်အဆင့်ကို အောင်မြင်ပါက မဲရစ်ပွိုင့် ၁သောင်း ရရှိမည်ဖြစ်ပြီး

အလွယ်အဆင့်တွင် ပွိုင့် ၅ထောင်

အခက်ဆုံးအဆင့်တွင် ဆုကြေးပွိုင် ၁သောင်းခွဲ ရရှိမည်ဖြစ်သည်။

မဲရစ်ပွိုင့်ဆတိုးနိုင်ခြင်းများမှာ ၀.၅ ဆတိုး ၁ ဆတိုး ၁.၅ ဆတိုးဖြစ်သည်။

အလွယ်အဆင့်ကို အောင်မြင်သူ ၁၆၀၀၀ ရှိပြီး

လူတိုင်းတောက်လျှောက်ကစားလာတဲ့ ပုံမှန်အဆင့်ကတော့ အခုချိန်တွင် ဂိမ်းတစ်ခုလုံး အယောက် ၇၀သာ ပြီးသေးသည်။ အနောက်ဘက်ပဲ အယောက် ၃၀ အရှေ့ဘက်တွင် အယောက် ၃၀ တောင်ဘက်တွင် အယောက် ၃၀ ဖြစ်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now