လူကြီးလူကောင်းတစ်ယောက်က လက်စားချေဖို့ ၁၀နှစ်၁၀မိုးစောင့်နိုင်တယ်

227 28 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၁၅ ။ လူကြီးလူကောင်းတစ်ယောက်က လက်စားချေဖို့ ၁၀နှစ်၁၀မိုးစောင့်နိုင်တယ်

ရူဒရာက နစ်တင်လာမယ့် အချိန်ကို နာရီ၀က်လောက်စောင့်ကာ သူ့အကြံအောင်မြင်စေဖို့ လုပ်စရာရှိတာ လုပ်နေသည်။

သူလုပ်ချင်တာတွေထဲမှာ သူ့အကြံဉာဏ်ကို ရှုစားမယ့် လူအုပ်လည်း လိုသေးသည်။ အို နစ်တင်ကတော့ သူ့သေတွင်း သူတူးပြီး သူ့ဘေးမှာ ကစားသမား အယောက်၂၀ တြိဂံလို ၀န်းရံပြီး လမ်းပေါ်မှာ သူ့နောက်တောက်လျှောက်လိုက်ခိုင်းပါလား... အမြဲတမ်း သူက လူတွေရဲ့ အာရုံစိုက်မှုကို တော်တော်လိုချင်တာပဲ။

စတိုင်နဲ့ ၀င်လာတော့လည်း လူတွေအကုန်လုံးရဲ့ အာရုံစိုက်မှုကို ရယူပြီးသားဖြစ်သွားတာပေါ့။
‘ဟားဟားဟား ငါလိုချင်နေတာလည်း ဒါပဲလေ’ ရူဒရာက ပြုံးကာ ပြောလိုက်သည်။

နစ်တင်နောက်က ကစားသမား အယောက် ၂၀ထဲမှာ ၁၂ ယောက်ကို သူသိသည်။ ဒီကောင်တွေက သူ့ဘ၀ကို ငရဲကျအောင် လုပ်ခဲ့တဲ့ အပေါင်းအပါတွေပေါ့။ သူ့ အလုပ်တွေကို နာမည်ကောင်း၀င်ယူတဲ့ ခေါင်းဆောင်နဲ့ ဦး‌ဆောင်တတ်တဲ့ အရည်အချင်းတစ်စက်မှ မရှိတဲ့ ကပ္ပတိန်တွေ၊ ဆုကြေးကိုသာ အာရုံရှိတဲ့ ကောင်တွေ၊ နောက်ပြီး သူ့ကို သတ်ခဲ့တဲ့ကောင် သူ့ကို လှေကားပေါ်က တွန်းချခဲ့တဲ့ သူငယ်ချင်းဆိုတဲ့ကောင် မိုက်ကယ် မင်းက အခါ ၁၀၀ သေဖို့ သင့်တယ်။

သူ့ဆီမှာ ခံစားချက်တွေအကုန်လုံး စုပုံလာတာကို ခံစားမိသည်။  ဒေါသ အမုန်းတရားတွေကို သူခံစားရသည် ဒါပေမယ့် အချိန်မတန်သေးဘူး ရူဒရာ စိတ်ကို အေးအေးထားလိုက်သည်။ အချိန်မတန်သေး‌ပေ။

နစ်တင်က သူ့ကို လာဆက်သွယ်တဲ့ သူကို စကားပြောနေသည်။ ရူဒရာကို ခြိမ်းခြောက်ပြီး ဆိုင်ကပစ္စည်းတွေ အလကားလိုချင်နေတဲ့ ကောင်ပေါ့။

“ဟိုကောင်.... သူလား ငါတို့ အဖြူရောင်အလင်းတန်းကို သာမန်အဆင့်နဲ့ ကြေးအဆင့် ချပ်၀တ်တန်ဆာတွေ လှူဒါန်းပြီး ငါတို့ဆီက အကာအကွယ်လိုချင်နေတာ”

“ဟုတ်ပါတယ် ခေါင်းဆောင်ကြီး သူပါ.... ကျွန်တော် သူ့ကို ရှာတွေ့ခဲ့တာလေ” သူက ဂုဏ်ယူ၀င့်ကြွားစွာ ထည့်ပြောလိုက်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now