အခန်း ၀၆၆ ။ စစ်ပွဲ၏နောက်ဆက်တွဲများ

62 6 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း ၀၆၆ ။ စစ်ပွဲ၏နောက်ဆက်တွဲများ


True Elite က <<Orange Rock>> ရဲ့ စစ်မြေပြင်ကို ရှင်းပစ်လိုက်လေသည်။ ထိုစစ်ပွဲက Esports သမိုင်းတွင် အထင်ကရအဖြစ်ဆုံး ဖြစ်သွားလေသည်။ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးတွေက တော်တော်ကို ဆိုးရွားလှသည်။

စစ်ပွဲမပြီးခင် ရူဒရာ ပြောခဲ့တဲ့ "ဟေဇယ်ဂရုဗ်တိုင်းပြည်ရဲ့ အကောင်းဆုံးဂိုဏ်းပဲ" ဆိုသည့် စကားက တော်တော်ကို နာမည်ကြီးသွားစေသည်..... အောင်ပွဲရခဲ့တဲ့ ဂိုဏ်းအဖွဲ့၀င်တွေအတွက် ဒီစကားလုံးတွေက သူ့အသွေးအသားတွေထိ စွဲမြဲသွားစေပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူသွားစေသည်... ဟုတ်တယ် ငါက <<True Elites>> ဂိုဏ်းက လူပဲ.... ငါက တိုင်းပြည်ရဲ့ အကောင်းဆုံးဂိုဏ်းက အဖွဲ့၀င်ပဲ.... ငါတို့ကို ဘယ်သူ တားနိုင်လဲကွ။

တိုင်းပြည်ရဲ့ သာမန်လူတွေဖြစ်တဲ့ တစ်ယောက်တည်း စွန့်စားသူတွေ ဂိုဏ်းအသေးလေးတွေက <<True Elites>> ကို လေးစားလာကြသည်... သူတို့ရဲ့ ပန်းတိုင် အဖွဲ့၀င်ဖို့ အကောင်းဆုံး ဂိုဏ်းလို့ သတ်မှတ်လာကြသည်။

သို့သော် ဒုတိယအဆင့်နဲ့ ပထမအဆင့်ဂိုဏ်းတွေကတော့ စစ်ပွဲနောက်ပိုင်းတွင် အထိတ်တလန့် ဖြစ်လာကြသည်... အယောက် ၅၀ နဲ့တောင် ထောင်ပေါင်းများစွာကို အပြတ်ရှင်းနိုင်တာ ဒီဂိမ်းကို အနိုင်ရ ဦးဆောင်ဖို့က ဘာလိုအပ်မှာလဲ?

အရည်အချင်းက အရေအတွက်ကို ကျော်လွန်နိုင်တယ်ဆိုရင် ဒီလောက်ကြီးမားတဲ့ စစ်တပ်ကြီး ထောင်ထားတာ ဘာလုပ်ဖို့လဲ? အဲ့တော့ အခု အယောက် ၂၀၀ လောက်ပဲရှိတဲ့ ဂိုဏ်းနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ရတော့မှာပေါ့။ သူတို့ ပိုက်ဆံမီလီယမ်ပေါင်းများစွာ အကုန်ခံပြီး ဂိုဏ်းတွေကို တည်ဆောက်ခဲ့သည်။ ဂိမ်းရဲ့ အလားအလာက ဒီလိုသာဆို သူတို့ တည်ဆောက်ခဲ့တာက အလကားတွေလား

ဗုံးတွေပေါ်လာခြင်းက စစ်ပွဲတစ်ခုလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်သွားစေသည်။ ဆာဗာတွေ အကုန်လုံးက ဗုံးလုပ်နည်းကိုသာ အသည်းအသန်လိုက်ရှာနေကြသည်။ ကော်ပရေးရှင်းအကြီးကြီးတွေက ရူဒရာနဲ့ ဂရေးအင်တာနေးရှင်နယ်ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ချဉ်းကပ်လာကြသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now