အခန်း ၀၆၇ ။ စစ်ပွဲမှဆု

73 6 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း၀၆၇ ။ စစ်ပွဲမှဆု


စစ်ပွဲပြီးတာ ၅ရက်ကြာသွားပြီ ဖြစ်သော်လည်း သတင်းတွေက နေရာတိုင်းမှာ နာမည်ကြီးတုန်းပင် ဖြစ်သည်... Elitesတွေက အောင်ပွဲပြီးနောက် အရမ်းကို ပျော်ရွှင်နေကြသည်။ သို့သော် ရူဒရာ တစ်ယောက်ကတော့ တော်တော်အလုပ်ရှုပ်နေသည်။ အခုလည်း Upside မှာ အဓိကဂိုဏ်းက အက်ဒမ်နဲ့တွေ့ပြီး ဗုံးနဲ့ သူရဲ့ ပြုလုပ်ပုံတွေအကြောင်းဆွေးနွေးနေရသည်။

အခုအချိန်ထိ စစ်ပွဲမှာသုံးခဲ့တဲ့ ဗုံးတွေကို လူတွေ စိတ်၀င်စားနေကြပြီး ထိုနည်းလမ်းနဲ့ ပတ်သတ်တဲ့ နည်းလမ်းကို ရဖို့အတွက် အကုန်လုံးက ပိုက်ဆံတွေ ပုံပေးနေကြသည်။ သို့သော် ကစားသမားတွေက ပိုပြီး Tier အဆင့်မြှင့်ဖို့ကို အားသန်လာတာနဲ့အမျှ.... ဗုံးပြုလုပ်သူအဆင့်ရှိတဲ့ အကြောင်းက လူသိရှင်ကြားဖြစ်သွားလေသည်။

ရယ်စရာကောင်းတာက ကစားသမား အကုန်လုံးဗုံးပြုလုပ်သူ အဆင့်ကို ရွေးကြပေမယ့် သူတို့ဆီမှာ ဗုံးလုပ်နည်းမှာ မရှိကြပေ။ ထိုအဆင့်ကို ရွေးလိုက်သော်လည်း အမှန်တကယ် ဗုံးလုပ်တတ်သည် မဟုတ်ပေ။ သူတို့က ဗုံးလုပ်နည်းကို လိုအပ်နေပြီး အဲ့အဆင့်အတွက် အဲ့လို နည်းလမ်းတွေကို တိုင်းပြည်က တင်းကြပ်စွာ ထိန်းချုပ်ထားသည်....

ဥပမာနဲ့ သေချာရှင်းပြရမယ်ဆိုရင် မင်း ပါစတာ လုပ်ချင်တယ်ပဲ ဆိုပါစို့ ပါစတာကို စားဖူးတယ် မြင်ဖူးတယ် ဒါပေမယ့် ပါစတာ ချက်တတ်လား? ဟင့်အင်း မချက်တတ်ဘူး။ ဘယ်လို လုပ်ရမလဲဆိုတာကို သင်ရမယ်၊ ပါ၀င်ပစ္စည်းတွေက သူ့ရဲ့ချက်နည်းအဆင့်ဆင့်တွေ လေ့လာရမယ်၊ ဒါပေမယ့် အဲ့ ပါ၀င်ပစ္စည်းတွေနဲ့ လုပ်နည်းကို မင်းမသိဘူး။ မင်းက ပြန်လည်တီထွင်နိုင်စွမ်းရှိတဲ့သူဆိုရင်တောင် မင်းလက်ထဲမှာ နည်းယူစရာ ပါစတာ မရှိဘူး။

ဒါပေမယ့် တဖက်မှာလည်း ပါစတာ လုပ်နည်းသင်ပြီးပြီဆိုရင် အမြဲပြန်လုပ်လို့ရတယ်လေ... ရူဒရာက သူ့အရင်ဘ၀မှာ ဗုံးလုပ်နည်းပေါင်း ၃၀ ကျော်လောက်သိခဲ့တာကြောင့် ဆူးချွန်ဗုံး ‌ရေခဲဗုံးတို့ကို လုပ်နိုင်သည်။ သူတို့က အရမ်းအားပြင်းတဲ့ဗုံးတွေ မဟုတ်ပေမယ့် ပါ၀င်ပစ္စည်းရှာရလွယ်တာကြောင့် ရွေးချယ်ခဲ့ခင်းဖြစ်သည်။ ဗုံးလုပ်ပစ္စည်းတော်တော်များများကို တိုင်းပြည်က ထိန်းချုပ်ထားတာ ဖြစ်ပြီး စျေးကွက်တွင် ရှာရခက်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now