အီသန်ဂရေးနှင့်တွေ့ဆုံခြင်း

151 17 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၂၇ ။ အီသန်ဂရေးနှင့်တွေ့ဆုံခြင်း

Upside မြို့ရဲ့ အလယ်မှာ အထပ်၁၀၀ရှိတဲ့ မြင့်မားတဲ့ ဂရေး တာဝါရှိသည်။ ထိုတာဝါက ၀င်လာတဲ့ သူတိုင်းကို စိတ်ပိုင်းဆိုင်ရာအရ ဖိအားပေးထားသလိုပင်..

ဒီတာဝါထဲကို စီးပွားရေးကိစ္စအရ ၀င်လာတဲ့လူတိုင်း စိတ်ပိုင်းဆိုင်ရာအရ အရှုံးပေးမိမယ်လို့ ရူဒရာ တွေးမိသည်။

အထပ် ၁၀၀မြောက်တွင် ရုံး၀တ်စုံကို သေချာ၀တ်ကာ သူ့ကောက်ကြောင်းတွေကိုပါ ဖော်ပြထားတဲ့ ဆံပင်ရွှေအို‌ရောင်နဲ့ အတွင်းရေးမှူးက အီသန်ဂရေးရဲ့ ရုံးခန်းတံခါးကို ဖွင့်ပေးသည်။

ကမ္ဘာရဲ့ ထရီလီယမ်နာ ခြောက်ယောက်ထဲက တစ်‌ယောက်ဖြစ်တဲ့ အီသန် ဂရေး အသက်အငယ်ဆုံးနှင့် အသက်မှာ ၃၁ နှစ်ဖြစ်သည်။ သူ့မျက်လုံးအရောင်က သူ့နာမည်လိုပင် မီးခိုးရောင်ဖြစ်သည်။ သူ့မျက်နှာက သေချာရိတ်ထားကာ တောက်ပနေသည်။ သူ့ရဲ့ ပ‌ရော်ဖက်ရှင်နယ်၀တ်စုံနဲ့တောင် စမတ်ကျပြီး လိုက်ဖက်နေသည်။ ပြိုင်စံရှား စမတ်ကျလှတဲ့ လူပျိုငယ်လေးပင် ဖြစ်သည်။

ရူဒရာက အီသန်နဲ့ မျက်နှာချင်းဆိုင် ခုံမှာ ထိုင်လိုက်သည်။ တစ်ဘက်မှာတော့ သူတစ်ယောက်တည်းရှိပြီး ဟိုဘက်မှာတော့ အီသန်နဲ့ လူ ငါးယောက်ထိုင်နေကြသည်။
လူအင်အားကလာတဲ့ ဖိအားဒဏ်ကို သူ ခံစားရသည်။ အီသန် ဂရေး ကစားတဲ့ စိတ်ပိုင်းဆိုင်ရာ ကစားပွဲတွေက ပျော့ညံ့တဲ့ သူတစ်ယောက်ဆို အရှုံးပေးရလောက်သည်။

“မင်းကို ငါ၀ယ်ချင်တယ်။ ငါ့ဂိုဏ်းမှာ အကြီးအကဲအဖြစ် လာအလုပ်လုပ်ချည် တစ်နှစ်ကို ၃၀၀ မီလီယမ်‌ဒေါ်လာအပြင် ဘောနပ်စ်ပါ ပေးမယ်”

ရူဒရာက ပြုံးလိုက်သည်။ စကားဝိုင်းက သူဖြစ်စေချင်တဲ့အတိုင်းသွားနေသည်။
“လေးစားစွာဖြင့် မစ်စတာ ဂရေး၊ ကျွန်တော် ဒီဂိမ်းကနေ တစ်လတည်းနဲ့ ၃၀၀ မီလီယမ်ဒေါ်လာ ရှာခဲ့ပြီးပါပြီ။ ကျွန်တော့်ကို ၁နှစ်ကို ၅ဘီလီယမ် ပေးရင်တော့ စဉ်းစားပေးမယ်‌လေ ဒါပေမယ့် ကျွန်တော် အကြီးအကဲနေရာတော့ မလိုချင်ဘူး။ ကျွန်တော် လိုချင်တာ ဂိုဏ်းခေါင်းဆောင်နေရာ”

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now