[Unicode]
အခန်း ၀၀၉ ။ မြို့တော်ဟေဇယ်ဂရုဗ်တိုင်းပြည် မြို့တော်ရဲ့ နာမည်က...
‘ခရမ်းမြူ’ မြို့ဖြစ်သည်....မြို့နာမည်က လေးနှစ်တကြိမ် ထူးခြားတဲ့လကြတ်ခြင်းကြောင့် ပေါ်လာတဲ့ ခရမ်းရောင်မြူခိုးတွေကြောင့် ဒီလိုနာမည် မှည့်ထားခြင်းဖြစ်သည်။၂၅ မီလီယမ် သက်ရှိတွေနေထိုင်ပြီး အကျယ်အ၀န်းက ၇မီလီယမ်လောက် ထပ်ဆန့်သေးသည့် မြို့အကြီးကြီးဖြစ်သည်။
မြို့ထဲတွင် ဒဏ္ဍာရီထဲက တိုးတက်နေတဲ့ မြို့ပုံစံပီပီ... နန်းတော်.. မှော်တာဝါ... လေလံတင်တဲ့အိမ်တွေ.... ပန်းပဲဖိုတွေနဲ့ လက်လုပ်ပညာရှိတဲ့နေရာတွေ... ဆေးရည်ဖော်စပ်တဲ့ နေရာတွေ...လောင်းကစားရုံတွေ... စားသောက်ဆိုင်တွေ.... လူပြတ်တဲ့ ချောင်ကျတဲ့ လမ်းတွေပါ ရှိသည်။
ရူဒရာနဲ့ နိထ်ဝဒ်တို့ မြို့၀င်ဂိတ်ကို ရောက်တော့ စိတ်လှုပ်ရှားနေကြကာ ရူဒရာက
‘ငါပြန်လာပြီကွ’ တွေးလိုက်သည်။ဂိတ်တံခါးကို ဖြတ်ဖို့ လုပ်တော့ ဂိတ်စောင့်က သူတို့ရဲ့ အိုင်ဒီကဒ်ကို တောင်းသည်။
ရူဒရာမှာ ရှိပေမယ့် နိထ်ဝဒ်မှာ မရှိပေ.... ရွာသို့ တခေါက်ပြန်သွားကာ ပြန်ယူရမယ့် အတွေးကို တွေးကြည့်တော့ ငိုမဲ့မဲ့ ဖြစ်လာသည်။ကံကောင်းစွာနဲ့ သူက ရူဒရာနဲ့ အတူပါလာသည်။
သူ့ဘွဲ့ကို နာမည်ကြီး သူရဲကောင်းနာမည်ကနေ တိုင်းပြည်ရဲ့ အမတ်သို့ ပြောင်းလိုက်သည်။
“သူက ငါနဲ့ ပါလာတဲ့ သူပါ” ရူဒရာကပြောလိုက်သည်။ဂိတ်စောင့်က ချက်ချင်း ယဉ်ကျေးသိမ်မွေ့သွားသည်။
“အို ဒါဆို သူက အမတ်ရဲ့အဖော်ပေါ့..... တားမိတဲ့အတွက် တောင်းပန်ပါတယ် တိုင်းပြည်ထဲမှာ ပျော်ရွှင်စွာ နေနိုင်ပါစေ”နိထ်ဝဒ်က ရူဒရာကို လေးစားအားကျတဲ့ပုံနဲ့ ကြည့်နေသည်။ ဂိတ်စောင့်တွေကတောင် သူ့ကို ရိုရိုသေသေပြောဆိုဆက်ဆံသည်။
“ကျေးဇူးတင်ပါတယ်၊ အစ်ကို့အကောင့်ကို ကျွန်တော် အပ်ပါရစေ ဒီကျေးဇူးကို တနေ့ သေချာပေါက်ပြန်ဆပ်ပါ့မယ်”“ရတာပေါ့ အပ်လိုက်လေ” ရူဒရာက ပြောလိုက်သည်။
သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်ပြီးနောက် မြို့တော်ထဲတွင် ကိုယ့်လမ်းကိုယ်သွားကြသည်။
YOU ARE READING
အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)
AdventureMMORPG: Rebirth of the Strongest Guild Master Chapter - 900+ (Completed) Author - Raj_Shah_7152 Translator - Black Pearl Translation Team