အခန်း ၀၆၀ ။ ပထမဆုံးဗုံးသီအိုရီ

68 6 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း၀၆၀ ။ ပထမဆုံးဗုံးသီအိုရီ


ရူဒရာက ဓာတုဗုံးတွေရဲ့ နောက်ကွယ်က သီအိုရီတွေကို နားလည်နိုင်အောင် ကြိုးစားနေသည်။ သူ ပိုပြီးတော့ အခြေခံ အဂ္ဂိရတ် ဓာတုပစ္စည်းနဲ့ မှော်အစွမ်းတွေကို ဖတ်လေ သီအိုရီအသစ်မဟုတ်ကြောင်း သိလာလေ ဖြစ်သည်.... ဒါက လက်တွေ့ကမ္ဘာက ဓာတုဗေဒဖြစ်ပြီး ပြောင်းလဲမှု အနည်းငယ်သာ ရှိသည်။

AI ကအုပ်ချုပ်မှုအောက်တွင် ဂိမ်းက ပြိုင်စံရှားဖြစ်ကာ ဓာတုပစ္စည်းအမျိုးမျိုးကို ပေါင်းစပ်၍ ရနိုင်သည်။ ပြီးတော့ AI ကတော့ ထောင်ပေါင်းများစွာသော ဒြပ်ပေါင်းတွေကို ပြုလုပ်ပေးနိုင်သည်။ သို့သော် ထိုဒြပ်ပေါင်းတွေမှာကလည်း ဂုဏ်သတ္တိတွေ လိုအပ်သေသည်.... AI သာလျှင် ထိုအပိုင်းကို လုပ်နိုင်မှာ ဖြစ်သည်။

အပြာရောင်နှလုံးသားမြက်ရဲ့ အချိုရည်က စတီးကိုတောင် အရည်ပျော်စေနိုင်တဲ့ ဂုဏ်သတ္တိရှိသည်.... သို့သော် တခြားရှုထောင့်ကြည့်လျှင် ဒါက အားပြင်းတဲ့ဟိုက်ဒြိုကလိုရစ် အက်စစ်သာဖြစ်သည်။

ကြာဆေးရွက်သုံးမျိုးရှိပြီး မေ့ဆေးထုံဆေးပေးတ့ နေရာမှာ အရမ်းအသုံး၀င်သော အရွက်များဖြစ်သည်....ဒါပေမဲ့ ဒါက ဆေးခြောက်မလား? ပန်း‌ရောင်ဖြစ်နေတာပဲ ရှိတာလေ.... အဲ ကြာလို့ ခေါ်တာလား?

ဒါတွေကို ရူဒရာ ပိုပြီး စဉ်စားလေ သူပိုပြီး အမြင်ကြည်လာလေ ဖြစ်သည်။ လောင်စာထွက်ပစ္စည်များဖြစ်တဲ့ ဓာတ်ဆီ ဒီဇယ်ဆီ ရေနံဆီတို့ရှိသည်။ သူတို့ကို ဂိမ်းထဲတွင် အဆင့် ၁ ဆီ အဆင့် ၂ ဆီ အဆင့် ၃ ဆီလို့ ခေါ်ကြရုံသာ...ဒီဆီတွေက သင်္ဘောတွေမှာ သုံးပြီး သင်္ဘောသွားနိုင်တဲ့ ခရီးပေါ်မူတည်ပြီး အဆင့်သတ်မှတ်သည်။

ဒီရှာတွေ့မှုတွေက ရူဒရာကို စိတ်လှုပ်ရှားသွားစေသည်။ Omega ဆိုတဲ့ ကမ္ဘာက အရမ်းကို အံ့သြစရာကောင်းလှသည်။ စိတ်ကူးယဉ်ဆန်တာတွေနဲ့ ပြည့်နှက်နေပေမယ့်လည်း တစ်ခါတစ်လေ လက်တွေ့ဘ၀ကလည်း ရောနှောနေသည်။ မင်းစိတ်နဲ့ ဖန်တီးနိုင်စွမ်းက အကန့်အသတ်ရှိသည်။ ဘာမှ မလုပ်ဘဲတော့ ဘာမှ မဖန်တီးနိုင်ပေ။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now