[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၁၇ ။ ဘုရားကျောင်း၏ကိုယ်စားလှယ် (၃)ဂူရဲ့ နံရံတွေက စိုစွတ်နေပြီး ရေညှိလိုဟာတွေနဲ့ ပြည့်နေသည်.... ဒါပေမယ့် သာမာန်ရေညှိ မဟုတ်ပေ။ အရောင်က အစိမ်းရောင်ဖြစ်နေသည်.... ဒီပစ္စည်းက အရမ်းအသုံး၀င်ပြီး ၁ ဂရမ်ကို ရွှေပြား ၁ ပြားရသည်။ ဂူတခုလုံးသာဆို ၁ ကီလိုဂရမ်လောက် အသာလေး ရှိသည်။
ဒါပေမယ့် အဓိက အရေးကြီးတာက အဲ့တာ မဟုတ်ပေ။ အဓိက,က အစိမ်းရောင်ရေညှိက အလင်းရောင်စုပ်ယူမှု အားအပြင်းဆုံးဖြစ်တာကြောင့် အမှောင်မန္တန်ရဲ့ စွမ်းအင်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလျော့ချပေးနိုင်သည်။
‘သေစမ်းကွာ’ ဆဲဆိုလိုက်သည်.... အပင်စုတ်တွေ သူ့အရင်ဘ၀တုန်းက ဒီမစ်ရှင်ကို လုပ်တဲ့အရူးကောင်က ဒီလောက် အရေးကြီးတဲ့ အသေးစိတ်ကိစ္စိကို မပြောလိုက်ဘူး..... တကယ့်ကောင်!
ရူဒရာက အသက်ပြင်းပြင်းရှူကာ စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး လျှောက်လမ်းကိုချောင်းကြည့်လိုက်သည်။ တံခါးရှေ့တွင် ညနက်သမန်း၀ံပုလွေနှစ်ကောင်က အိပ်နေသည်။
ရူဒရာ ခဏစဉ်းစားလိုက်သည်.... သမန်းဝံပုလွေတွေကို ထိခိုက်နိုင်တဲ့ ငွေမြှားနဲ့ ငွေဓားတော့ ၀ယ်လာပေမယ့်... အရမ်းဝေးလွန်းတာကြောင့် သူတို့လယ်ဗယ်ကို ကြည့်လို့မရပေ။ သူတို့ကို မြှားနဲ့ပစ်ပြီး ဒဏ်ရာရအောင်လုပ်ကာ အမှောင်မန္တန်နဲ့ သူတို့ကို ၇၀ရာခိုင်နှုန်း အားနည်းအောင်လုပ်ပြီး ဓားနဲ့ အပြီးသတ်ရန် တွေးလိုက်သည်။
သူ့ဗျူဟာကတော့ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ အခြေအနေကို သူ့ခေါင်းထဲမှာ တွေးလိုက်ပြီး အမှားမရှိအောင် ပြန်စစ်ဆေးကာ မြှားနှစ်စင်းကို ဆွဲယူပြီး အိပ်နေတဲ့ ၀ံပုလွေတွေရဲ့ ခေါင်းတည့်တည့်ကို ပစ်လိုက်သည်။
[- ၁၈၀၀ ထိခိုက်မှု]
[- ၁၈၀၀ ထိခိုက်မှု]
ဝံပုလွေတွေရဲ့ အသက်ဘားက တ၀က်လောက်လျော့သွားကာ.... လန့်နို့လာပြီးတော့ ရူဒရာ မြှားပစ်လိုက်တဲ့ စကြန်လမ်းဆုံးကို ပြေးလာခဲ့ကြသည်။ရူဒရာက အမှောင်မန္တန်တခုကို ထုတ်လွှတ်လိုက်တော့ မျက်စိကျိန်းစေတဲ့ အလင်းတန်းတစ်ခုက ထွက်လာပြီးနောက် စွမ်အားတွေ ထွက်လာသည်။ ထို့နောက် သမန်းဝံပုလွေများက သေသွားသည်။
VOUS LISEZ
အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)
AventureMMORPG: Rebirth of the Strongest Guild Master Chapter - 900+ (Completed) Author - Raj_Shah_7152 Translator - Black Pearl Translation Team