အောက်လမ်းဆရာရဲ့ လျှို့ဝှက်မြေအောက်ခန်း

233 29 0
                                    

[Unicode]
အခန်း ၀၀၅ ။ အောက်လမ်းဆရာရဲ့ လျှို့ဝှက်မြေအောက်ခန်း

[ဂုဏ်ပြုပါတယ် ကစားသမား ရှာခူနီ၊  မင်းက လျှို့ဝှက်မြေအောက်ခန်းထဲကို ပထမဆုံးရောက်လာတဲ့သူပဲ]

[+၁၀ ကျော်ကြားမှု]

စာတမ်းက သူ့မှန်းဆချက်ကို သေချာသွားစေသည်။ သူ တကယ်ပဲ လျှို့ဝှက်မြေအောက်ခန်းထဲကို ရောက်လာတာဖြစ်သည်။ အောက်လမ်းဆရာ ပုန်းတဲ့နေရာက အလွန်သေးတဲ့ တစ်ဦးပိုင် လျှို့ဝှက်မြေအောက်ခန်းဖြစ်သည်။

မြေအောက်ခန်းတွေက လယ်ဗယ် ၁၀ရောက်မှ စပေါ်လာမှာဖြစ်ပြီး... အခု ရွာမှာ တိုက်တစ်တိုက်လုံးမှာ ဘယ်သူမှ မ‌ရောက်သေးပေ။

အောက်လမ်းဆရာပုန်းနေတဲ့နေရာကို တကယ်တမ်း သိအောင်လုပ်ဖို့က ရေမည်းရွာက ရွာမှော်ဆရာကို မေးကာ သူ့ကို ရေအမည်းရောင် စပြောင်းတဲ့နေရာ ကူရှာ‌ပေးရတဲ့ မစ်ရှင်ကို ဆောင်ရွက်ရတာဖြစ်သည်။

အဲ့အတွက် ထိုကစားသမားက သူ့အတွက်မစ်ရှင်တစ်ခုလုပ်ပေးရသည်... ဒီနေရာကို ရောက်ဖို့အတွက် မစ်ရှင်သေးသေးလေးတွေလိုက်လုပ်ပြီးမှ ဖြစ်လာမှာဖြစ်ပေမဲ့.... သူ့အရင်ဘ၀ရဲ့ အသိဉာဏ်ကြောင့် အဲ့ဖြစ်စဉ်တခုလုံးကို ကျော်နိုင်လိုက်သည်။

တစ်ယောက်ယောက် ဒီကို မျက်စိလည်လမ်းမှားရောက်လာနိုင်ပေမဲ့ ဒီအနက်ရောင်ရေကန်မစ်ရှင်ကို ယူထားတဲ့ သူမှသာ ဒီမြေအောက်ခန်းရှာဖွေရေးနဲ့ ပတ်သက်ပြီး ဆုကြေးရမှာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ချေ အခွင့်အရေးက ပိုတောင် နည်းသေးသည်။
မြေအောက်ခန်းကို လျှောက်ရှာကြည့်တော့ လယ်ဗယ် ၃ ရှိတဲ့ အဆင့်နိမ့် အရိုးခြောက်တွေကလွဲပြီး... ဘာမှ သိပ်မရှိပေ။

[+50exp, +50exp, +50exp ]

မိနစ် ၃၀အတွင်း သူ ချက်ချင်း လယ်ဗယ် တက်သွားသည်။
[လယ်ဗယ်တက်သွားပါပြီ!]
ရူဒရာက ပြုံးကာ ၅ ပွိုင့်ကို စွမ်းရည်တွေဆီ ဖြန့်‌ဝေလိုက်သည်.... အခုအချိန်တွင် သူ အလိုအပ်ဆုံးမှာ စွမ်းရည်  ဖြစ်သည်။

စစ်စတမ်ဇယားကွက်ကို သူခေါ်လိုက်သည်။

[ကစားသမားနာမည် : ရှာခူနီ]
[ဘွဲ့နာမည်  : မရှိသေးပါ]
[အမျိုးအစား : သူရဲကောင်း]
[အမျိုးအစားခွဲ : မရှိသေးပါ]
[လယ်ဗယ် : ၇]
အဆင့် : ၀

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now