အခန်း ၀၇၂ ။ စစ်စတမ်၏အမှားအပေါ်မှာစွန့်စားကြည့်ခြင်း

64 4 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း ၀၇၂ ။ စစ်စတမ်၏အမှားအပေါ်မှာစွန့်စားကြည့်ခြင်း


သူတို့ အထူးအခန်းကို ၀င်လာတော့ ရူဒရာအမိန့်တွေကို လိုက်နာကာ အမဲလိုက်သူတွေက သူတို့ကို ကူညီပေးသည်။ လှေကားပေါ်ကို ကြိုးတွေနဲ့ အလျင်အမြန်တက်ကာ... တင့်တွေကတော့ အကုန်လုံးအပေါ်ရောက်အောင် ကူညီရင်း တဖက်က ဒိုင်းကို ကိုင်ထားသည်။ မှော်ဆရာတွေကလည်း AOE အများအပြားထုတ်လွှတ်နိုင်ကာ တင့်တွေ ကြိုးကို ဆွဲပြီးတက်နိုင်လောက်တဲ့အထိ အချိန်ဆွဲပေးထားနိုင်ခဲ့သည်။

ဂိုဏ်းသား ၅၄ယောက်လုံးလှေကားပေါ်သို့ ရောက်သွားကာ မစ်ရှင်စပြီဖြစ်သည်။ ပထမဆုံး ရူဒရာတွင် ဆူးချွန်ဗုံးရှိသည်။ မိုးကြိုးဆိတ်အုပ်ထဲကို ဗုံးတွေ ပစ်ချလိုက်သည်။

[-၁၂၀၀၀ ကြီးမားသော ထိခိုက်မှု]

[-၁၂၀၀၀ ကြီးမားသော ထိခိုက်မှု]

[-၄၀၀၀]

[-၄၀၀၀]

[-၄၀၀၀]

[-၂၃၀၀]

[-၂၃၀၀]

အသက်လျော့တဲ့အတန်းပေါ်လာကာ မဲရစ်ပွိုင့်တွေက တရိပ်ရိပ်တက်လာသည်။

ဆိတ်တွေရဲ့ ၇၀ရာခိုင်နှုန်းလောက်ကို ရှင်းပြီးနောက် ရူဒရာ ရပ်လိုက်သည်။ ထို့နောက် အဖွဲ့ကို သေချာ ဖြေးဖြေးချင်း ဆိတ်တွေ အကုန်မကုန်သွားအောင် သတ်ဖို့ ညွှန်ကြားလိုက်သည်။

မြေပြင်ပေါ်တွင် တိုက်စစ် သုံးယောက်၊ လေးသမား၊ မှော်ဆရာတွေ ရှိနေပြီး ကျန်တာကတော့ တက်လိုက်ဆင်းလိုက်ဖြစ်သည်။ အသက်ကယ်သူသုံးယောက်က တိုက်စစ်၃ယောက်ကို သွေးဖြည့်ပေးလိုက် ကျန်တဲ့သူတွေနဲ့ လှေကားပေါ်မှာ စကားစမြည်ပြောလိုက် လုပ်နေသည်။

စကေးတွေ ထုတ်သုံးရင်း exp တက်လာအောင် လုပ်နိုင်သည့် ကောင်းသောနည်းလမ်းဖြစ်သည်။

နှစ်နာရီအကြာတွင် အကုန်လုံးက လယ်ဗယ်တက်လာသည်။

[လယ်ဗယ်တက်သွားပါပြီ!]

အခန်းတစ်ခုလုံး လက်ခုပ်သြဘာသံများဖြင့် ပြည့်နှက်သွားသည်... ဒါက တော်တော်ကောင်းတာပဲ!

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora