အသန်မာဆုံးဂိုဏ်းသခင်
အခန်း၀၅၅ ။ ရွေးချယ်မှု
ရူဒရာ အတွက် ခက်ခဲတဲ့ ရွေးချယ်မှုကို လုပ်ရတော့မည်.... ဒီအထူးစကေးသုံးခုလုံးက ဘယ်ကစားသမားအတွက်မဆို အသုံး၀င်သည်။ သို့သော် သူ တစ်ခုကိုပဲ ရွေးရလျှင် သူ သေချာစဉ်းစားပြီးမှ ရွေးရမည်။
သူရဲကောင်းတွေက မှော်အစွမ်း သုံးလို့ရသည်... အင်အားကြီးတဲ့ AOE မန္တန်တွေကိုတော့ ပစ်လွှတ်လို့မရပေ။ သာမန် မီးလုံးတို့ အမှောင်စွမ်းအင်တို့တော့ ပစ်လွှတ်လို့ရသည်။
ရူဒရာရဲ့ တိုက်ခိုက်တဲ့ ပုံစံက ဓားရေးပုံစံဖြစ်တဲ့အတွက် သိပ်မလိုအပ်လှပေ..... သူ မှော်စွမ်းရည်မရှိလည်း ဖြစ်သည်။ သုညကနေစပြီး ပွိုင့်တွေ တိုးတက်လာဖို့က သန်မာလာရအုန်းမည်.... သူ့ရဲ့ စွမ်းအားက သူ့ရဲ့ဓားဖြစ်ပြီး သူက လက်နက်တွေ ထုတ်ကာ သာမန်မှော်မန္တန်တွေ ထုတ်နိုင်တဲ့ သူရဲကောင်းဖြစ်နေပြီမလို့ ဒီတစ်ခုကို ပယ်ချလိုက်သည်။
နောက်တစ်ခုကတော့ မသေမျိုးပြောင်းလဲခြင်း ဖြစ်သည်။ အသက်ကုန်သွားတဲ့အချိန်မှာ နတ်ဘုရားစွမ်းအင် ၅ စက္ကန့်ရမှာဖြစ်သည်။ ထိုအစွမ်းက တိုက်ပွဲရလဒ်ကို မြေကြီးနဲ့ ကောင်းကင်လို ကွာခြားသွားနိုင်သည်... သေချာသုံးလျှင် တိုက်ပွဲထဲတွင် အရမ်းကို အသုံး၀င်တဲ့ အရာဖြစ်လာလိမ့်မည်။ ရန်သူရဲ့ အကောင်းဆုံးတိုက်ကွက်နဲ့ ထိခိုက်မိတာတောင် ဘာမှ မဖြစ်ပဲ ပြန်ထိုးစစ်ဆင်နိုင်ပေမည်။
ရူဒရာက ဒီစကေးကို တော်တော်လိုချင်သည်။ သူသာ ရလိုက်ရင် လုံး၀မိုက်မှာဖြစ်သည်။ လူသတ်ဖို့ ကြံရွယ်တာတွေက ဘယ်တော့မှ လူမသိပဲ နေလိုက်မှာမဟုတ်ပေ။ ဘော့စ်နဲ့ တိုက်ခိုက်တဲ့ နေရာမှာ အချိန်ပို ငါးစက္ကန့်ဆိုတာက တကယ့််ကို အရေးကြီးသည်။
သို့သော် ဒီအခြေအနေကို သေချာစဥ်းစားကြည့်နေသည်။ ပထမတစ်ခုဖြစ်တဲ့ ရွှေအချိုးက အကုန်လုံးအတွက် ကောင်းတဲ့ အရာဖြစ်သည်။ ရွှေအချိုးက တည်ငြိမ် ဖြစ်တဲ့အတွက် သူ တိုးတက်သွားတဲ့ တလျှောက်ရှိနေမှာ ဖြစ်သည်။ ဒီနေ့ သူ ပွိုင့်၁၀၀ရှိလျှင် နောက်ထပ်အပို ၅၀ ပွိုင့်ထပ်ရမှာမျိုး ဖြစ်သည်။ သို့သော် သူ့ အခြေအနေပြဇယားက ပွိုင့်က ၁၀၀ ဖြစ်သွားရင်လည်း နောက်ထပ် ၅၀၀ ပွိုင့်တိုးလာမည်ဖြစ်သည်။ လယ်ဗယ် တစ်ခုတိုးလာတိုင်း နောက်ထပ် လယ်ဗယ် ၁ခုနဲ့ တ၀က်ပိုတိုးသွားသလိုပင်.... အချိန်ကြာလာရင် သူက ပြိုင်စံရှားဖြစ်လာပေမည်။
ESTÁS LEYENDO
အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)
AventuraMMORPG: Rebirth of the Strongest Guild Master Chapter - 900+ (Completed) Author - Raj_Shah_7152 Translator - Black Pearl Translation Team