အခန်း ၀၅၄ ။ ဆုလာဘ်နှင့်ရွေးချယ်စရာစကေးများ

71 5 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း၀၅၄ ။ ဆုလာဘ်နှင့်ရွေးချယ်စရာစကေးများ


(စစ်မှုရေးရာ, စမ်းသပ်မှု နည်းနည်းဖြင့် စမ်းသပ်ချက်)

[ဂုဏ်ယူပါတယ် ဉာဏ်ရည်ရဲ့ ဒုတိယအဆင့်ကို အောင်မြင်သွားပါပြီ။ နောက်ဆုံးတခုကို ပြင်ဆင်ဖို့ အချိန် စက္ကန့် ၃၀ ရပါတယ် ]

ရူဒရာက နောက်ဆုံး အဆင့်အတွက် ပြင်ဆင်နေသည်..... ဒီအဆင့်က စစ်ဗျူဟာနဲ့ ပတ်သတ်တာ ဖြစ်သည်။ တဖက်ကို ခြေလျင် ၁၀၀ မြင်းစီးစစ်သည် ၅၀ လေးသည်တော် ၅၀ စုစုပေါင်း ၂၀၀ စီပေးထားသည်။ စစ်စတမ်က စစ်မြေပြင်ကို ညီညာစွာ ချထားတဲ့ စစ်သား ၅၀ အဖွဲ့ ၄ ဖွဲ့နဲ့ ချီတက်လာသည်။

စစ်စတမ်က ရှေ့တန်းတွင် သုံးဖွဲ့ထားသည်။ နောက်ဆုံးအတန်းတွင် လေးသမားအဖွဲ့ကို နေခိုင်းသည်။ လေးသမားတွေက ဖြန့်ကျက်ထားပြီး လေးဖွဲ့က တီကို ပြောင်းပြန် ပုံစံလေး ဖြစ်နေသည်။

ရူဒရာ ဗျူဟာကတော့ မတူညီပေ။ သူက တပ်တွေကို လေးပုံစံ အကွေးလေးဖြင့်လုပ်သည်။ ပထမဆုံးခြေလျင်တပ် ဒုတိယက မြင်းစီးစစ်သည်နဲ့ နောက်ဆုံးတွင် ‌လေးသည်တော်တို့ကို ထားသည်။

မြင်းစီးစစ်သည်တော် အယောက် ၂၀ကိုလည်း ခွဲကာ ဘေးအကာအရ့လုပ်ပြီး ရန်သူတွေရဲ့ လေးသည်တော်တွေနဲ့ ထိပ်တိုက်တွေ့ခိုင်းသည်။

စစ်တိုက်ကွက်ချထားပြီးနောက် နှစ်ဖက်လုံးက လေးသည်တော်တွေက စတင်တိုက်ခိုက်ကြသည်.... ရူဒရာဘက်က ခြေလျှင်တပ်တွေက မိနစ်အနည်းငယ်နေသောအခါ အသာစီးရလာသည်။ သို့သော် မြင်းစီးစစ်သည်တော်တွေ ရောထားသောကြောင့် သူ့ဘက်က သူတွေက ခံစစ်ကို ပြောင်းလာကြသည်။ မြင်းစီးစစ်သည် ၅၀ မှာ ၂၀ က ကျဆုံးသွားတော့ ရူဒရာ ဘက်က အရေးနိမ့်လာသည်။

လေးသည်တော်တွေက အနီးကပ်တွင် မြင်းစီးစစ်သည်တွေကို မခုခံနိုင်သောကြောင့် သေသွားကြရသည်။ အခု စစ်စတမ်ကို စနောက်ခဲ့တဲ့ စစ်တပ်က ဘေးနှစ်ဖက်ကနေ အညှပ်ခံနေရပြီး အနောက်ကျောကလည်း မလွှတ်ထားရဲပေ။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Where stories live. Discover now