အကျိုးဆက်

198 17 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၁၆ ။ အကျိုးဆက်

အက်ဗန်နီ ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်ရက်အတွင်း စတော့ရှယ်ယာက ၃၀ ရာခိုင်နှုန်းလောက်ထိုးကျသွားပြီး နောက်နှစ်ရက်အတွင်းမှာတော့ နောက်ထပ် ၁၀ရာခိုင်နှုန်းလောက် ကျသွားတာကြောင့် အများကြီး ထိခိုက်သွားရသည်။ ရှယ်ယာစျေးက နောက်ထပ် ရက်အနည်းငယ်လောက်ကို ပြဿနာမပြေလည်မချင်း ထိုးကျနေသည်။

အက်ဗန်နီကုမ္ပဏီရဲ့ဥက္ကဌ နစ်တင်ရဲ့ အဖေ ဂေါ်ဒမ်က ထိုကိစ္စအတွက် အတော်လေး ဒေါသထွက်နေခဲ့သည်။

သူ့သားက ဒီလောက်အသုံးမကျရမလား ဆိုပြီး ပါးရိုက်လိုက်သည်။ သူက ဒီစီးပွားရေးအင်ပါယာကို အစကနေ တည်ဆောက်ခဲ့ရသူဖြစ်ပြီး သူ့လမ်းကြောင်းကို နှောင့်ယှက်သူ မှန်သမျှ ရှင်းပစ်သူ ဖြစ်သည်။

“ဘာလို့ ငါ့သားက ဒီလောက် အသုံးမကျရတာလဲ” သက်ပြင်းချလိုက်သည်။ ဒီနောက်ကွယ်က ဘယ်သူပဲဖြစ်ဖြစ် သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးရမည်ဖြစ်သည်။

ငါတို့ ကူဘာလုပ်ငန်းစုကို အလည်သွားမှ ဖြစ်တော့မယ်
ကူဘာလုပ်ငန်းက Omega ဂိမ်းကို တီထွင်ခဲ့သူဖြစ်သည်။ ဂိမ်းဆော့သည့် ကိရိယာအပြည့်အစုံလုပ်ဆောင်တဲ့ ပရောဂျက်မှာလည်း ၆၀ ရာခိုင်နှုန်းလောက် ပါ၀င်သည်။ ဘီလီယမ် ဒေါ်လာရာချီတဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်သည်..... ဒါပေမယ့် သူ့ တောင်းဆိုမှုကတော့ ရိုးရှင်းသည်။ အဲ့လူရဲ့ မျက်နှာကို ပြဖို့သာ လိုအပ်သည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းက ရုံးချုပ်ကို သွားပြီး အဲ့က တာ၀န်ရှိသူ ခေါင်းဆောင်နဲ့တွေ့သည်။

“ဆရာ ဂိမ်းဆော့နေတဲ့ သူတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်လေး တချို့ သိချင်လို့ပါ... ဂိမ်းမတော်တဆမှုရဲ့ ဗီဒီယိုတစ်ခုကြောင့် ကျွန်တော့်ငွေတွေ  ဒေါ်လာ မီလီယမ် ရာချီဆုံးရှုံးခဲ့ရပါတယ်.... ဒီကိစ္စမှာ ခင်ဗျားတို့ကုမ္ပဏီက ပူးပေါင်းပေးရင် သိပ်ကောင်းမှာပဲ ဒီဟာအတွက်လည်း ကျွန်တော် ထိုက်သင့်တဲ့ အလှူငွေထည့်မှာပါ”

အက်ဗန်နီက ရူးမိုက်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ သူလိုချင်တာ ရဖို့ဆိုလျှင် သူ့အထက်လူကြီးတွေကိုရော ခေါင်းဆောင်ကိုပါ လာဘ်ထိုးတတ်သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Onde histórias criam vida. Descubra agora