အသန်မာဆုံးဂိုဏ်းသခင်
အခန်း၀၅၉ ။ မင်းသားနှင့်တွေ့ဆုံခြင်း
ရူဒရာက အေမန် ရှေ့တွင် ဝင်ထိုင်လိုက်သည်။ တဖက်လူက ဖိအားကို ခံစားမိသည်.... မျိုးရိုးမြင့်တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါဆိုတာ ဒါလား? ရူဒရာက တော်၀င်မျိုးနွယ်တွေကို စိတ်မ၀င်စားပေ။ သူက တောင်းဆိုသင့်တဲ့ စာအုပ်စာရင်းကိုသာ ကြည့်နေသည်။
စာရင်းတစ်ခုလုံးကို ကြည့်ပြီးသောအခါ သူလိုချင်တဲ့ စာအုပ်တချို့ကို တွေ့ရှိခဲ့သည်။ ရူဒရာက စစ်ပွဲပြီးရင် ဒီစာကြည့်တိုက်မှာ ထင်ထားတာထက် ပိုပြီးအချိန်ဖြုန်းမိမည်ဟု ထင်သည်။
အသိပညာက ပါဝါဆိုတာက သိသည့်အပြင် ဒီနေရာကြီးက အသိပညာတွေရဲ့ ဘဏ္ဍာတိုက်ကြီးဖြစ်သည်။ ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကိုသာ သိမယ်ဆိုရင် ဒီဂိမ်းနဲ့ပတ်သတ်ပြီး အတွင်းကျကျ ကိစ္စတွေကို သိနိုင်သည်။
ရူဒရာက အခုအချိန်တွင် ဂိမ်းတီထွင်သူတွေကို မသိမသာလေး အံ့သြနေမိပြီဖြစ်သည်။ ဒီလိုအသေးစိတ်ကျနတဲ့ ကမ္ဘာကြီးကို တီထွင်နိုင်ခဲ့သည်။ ဒီလို စာကြည့်တိုက်အကြီးကြီးတစ်ခုတည်ဆောက်ဖို့ဆိုရင် နှစ်ပေါင်းများစွာ သမိုင်းကြောင်းတွေကို ရှာဖွေလေ့လာရမည်ဖြစ်ပြီး အချိန်တွေ အများကြီးနဲ့ အရင်းအနှီးတွေ အများကြီးလိုအပ်သည်။ ဒီကိစ္စက လက်တွေ့မှာတော့ ပြီးမြောက်ဖို့ အင်မတန်ခက်ခဲတဲ့ ကိစ္စဖြစ်သည်။
ဒီကိစ္စအတွက်တော့ သူ ကူဘာကော်ပရေးရှင်းကို အတော်လေး လေးစားသည်။ ဒါက တကယ့်ကို စိတ်ကူးယဉ်ကမ္ဘာကြီးဖြစ်သည်။ ဂိမ်းတစ်ခုမဟုတ်ပေ။ တကယ့်ကို အသက်၀င်နေတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်သည်။ အဲ့ဒါကြောင့် သူတို့ဂိမ်းကို ဘယ်သူကမှလိုက်မမှီနိုင်တာ ဖြစ်ပေမည်။ နောက်ထပ် အနှစ် ၅၀တောင် လိုက်နိုင်မည် မဟုတ်ပေ။ ဂိမ်းကသာ စိတ်၀င်စားဖို့ မကောင်းခဲ့ရင် တကယ့်ငွေကြေးနဲ့ စပ်ဆက်မှုဆိုတာ ရှိလာမှာ မဟုတ်ပေ။ ၁၆နှစ် အရွယ်ပဲဖြစ်ဖြစ် ၈၁ နှစ်ထက် ကြီးတဲ့ အရွယ်ပဲ ဖြစ်ဖြစ် Omega ဂိမ်းကို ကစားနေကြသည်။ ၁၆နှစ်ငယ်တဲ့ ကလေးတွေသာ ဆော့ခွင့်မရှိတာဖြစ်သည်။ UN ကလည်း အသက်ငယ်တဲ့ ကလေးတွေ ဆော့ရင် အမြင်အာရုံထိခိုက်မှာ စိုးရိမ်သည်။
أنت تقرأ
အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)
مغامرةMMORPG: Rebirth of the Strongest Guild Master Chapter - 900+ (Completed) Author - Raj_Shah_7152 Translator - Black Pearl Translation Team