[Unicode]
အခန်း ၀၀၇ ။ လက်တွေ့ဘဝသို့တကယ့်လက်တွေ့ကမ္ဘာက ရူဒရာအတွက်တော့ ရယ်ချင်စရာကြီးပါပဲ။
သူ့ရဲ့အရင်ဘ၀နဲ့ပတ်သတ်တဲ့ အသိဉာဏ်တွေက ဂိမ်းထဲမှာတော့ လုံး၀ ညစ်ပတ်တဲ့ ဖြတ်လမ်းနည်းလိုပင်ဖြစ်သည်... ဘယ်လိုပဲဖြစ်ဖြစ် တကယ့်လက်တွေ့ကမ္ဘာမှာတော့ အရာရာကို အစကပြန်လုပ်လိုက်ရသလိုပင်။သူ့အရင်ဘ၀က သူ့ရဲ့ အနှစ်၂၀သက်တမ်းမှာ ဘယ်သူကတော့ အလေးထားအရေးပါရမယ့်သူဖြစ်ပြီး ဘယ်သူကတော့ အလေးမထားသင်တဲ့ သူဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။
ဘွဲ့ရပြီးနှစ်နှစ်အကြာမှာ တက္ကသိုယ်ကသူငယ်ချင်းတွေနဲ့ သူ အဆက်အသွယ်ပြတ်သွားသည်။
သူ့ရဲ့အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ကတော့ ဆက်ခင်နေပြီး အထူးသဖြင့် ၀တုတ် ကလက်ရှ်ဆိုတဲ့ သူငယ်ချင်းကိုတော့ သူ တကယ် တန်ဖိုးထားသည်။
သူ့ထက်သာတဲ့ သူကို တွေ့တာနဲ့ ချက်ချင်း သူ့ကို စွန့်ပစ်သွားတဲ့ ကောင်မလေးကို အသည်းအသန်လိုက်ခဲ့ဖူးသည်။ ရယ်စရာကောင်းတာက သူက အဲ့ကောင်မလေးကို လက်ထပ်ဖို့ပါ ကြံရွယ်ခဲ့ဖူးသည်။
သူ့ညီလေး အထက်တန်းကျောင်း စတက်တော့ ညီလေးနဲ့ပါ အဆက်အသွယ်ပြတ်သွားသည်။
ပြီးတော့ သူ့အဖေနဲ့လည်း တစ်နှစ်လောက်အဆက်အသွယ်ပြတ်သွားသေးသည်။
သူတို့မိသားစုအကုန် ပြန်ဆုံဖြစ်တဲ့နှစ်က ဒီကနေ နောက်ထပ်၁၀နှစ် သူ့အမေ ဆိုးဆိုးရွားရွား ဖျားနာမှသာဖြစ်သည်။သူ့အတိတ်က အမှားတွေနဲ့ ပြည့်နှက်နေပြီး ထိုအမှားတွေကို သူ ထပ်မလုပ်ချင်တော့ပေ။
ဂိမ်းထဲမှာတော့ အစွမ်းရှိပေမယ့် လက်တွေ့ကမ္ဘာကတော့ တခြားစီဖြစ်သည်။
ဒါပေမယ့် ဒီလက်တွေ့ကမ္ဘာကို သူ့ရဲ့ တကယ့်တိုက်ပွဲနေရာလို့ သဘောထားသည်။
သူ့ဘ၀မှာ သူ့ဘေးမှာရပ်တည်ပေးတဲ့ သူတွေ အပေါ်ဘယ်တော့မှ အမှားမလုပ်တော့ပေ။
ဒီနေ့က သူ့သူငယ်ချင်း ၀တုတ် ကလက်ရှ်ကို သွားတွေ့မယ့် နေ့ဖြစ်သည်။သူတို့ကျောင်းနားက တွေ့နေကျဆိုင်မှာ တွေ့ကြမှာဖြစ်သည်။
ကလက်ရှ်က သူ့အနောက်မှာ အမြဲရပ်တည်အားပေးနေတဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်..... သူ ငါးနှစ်တောင် စုထားတဲ့ ဒေါ်လာ ၁သိန်းကို ငွေအခက်အခဲဖြစ်နေတဲ့ ရူဒရာကို ချေးပေးသေးသည်... သူ့သူငယ်ချင်းအတွက်သာဆို ဘာမဆို လုပ်ပေးတဲ့သူဖြစ်သည်။ ‘တကယ့်ကို အဖိုးတန်တဲ့သူ’
ရူဒရာက ကလက်ရှ်ကို အရင်ဘ၀တုန်းက တွဲနေတဲ့ကောင်မလေးက မကောင်းဘူးလို့ ပြောလိုက်သောကြောင့် အလေးမထားဖြစ်တော့ပေ။ ကလက်ရှ်ကို ရိုက်ကာ သူတို့နှစ်ယောက်ကြား သူငယ်ချင်း ဆက်ဆံရေးကို ဖျက်ဆီးမိခဲ့သည် ဟင်း… တကယ်တော့ သူပြောတာ မှန်တာပဲ!
VOCÊ ESTÁ LENDO
အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)
AventuraMMORPG: Rebirth of the Strongest Guild Master Chapter - 900+ (Completed) Author - Raj_Shah_7152 Translator - Black Pearl Translation Team