ကမ္ဘာအစစ်မှပြဿနာများ

171 22 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၂၂ ။ ကမ္ဘာအစစ်မှပြဿနာများ

ရူဒရာက စကားဝိုင်းကို သတိထားပြီး စလိုက်သည်။ “အမေ ဆရာ၀န်နဲ့ ပြသေးလား” မေးလိုက်သည်။

သူ့အမေက ပြုံးလိုက်သည်။ သူ့သားက သူ့ကို ဂရုစိုက်တာကို သဘောကျနေသည်။
“အမေ ဆရာ၀န်သွားပြတယ်။ စျေးနည်းနည်းကျသင့်တဲ့ ဆေးတွေပဲ လိုတာပါ.... ရောဂါက အများကြီး မပြန့်‌သေးပါဘူး.... ခွဲစိတ်ကုသဖို့ မလိုဘူးတဲ့” သူ့အမေက ပြုံးနေသည်.... တစ်မိသားစုလုံးက သူ့သား သူ့ကို ပေးထားတဲ့ ၂၅ မီလီယမ်ဒေါ်လာကို မသုံးရက်ပေ။

ရူဒရာက သူ့အမေ ခွဲစိတ်ခန်းမ၀င်ရတဲ့အတွက် အရမ်းပျော်သွားသည်.... ဒါပေမယ့် သူ့အမေ ကျန်းမာရေးကို အကြောင်းပြပြီး သူတို့ကို J  နိုင်ငံသို့ ပြောင်းဖို့ ပြောရမည်.... ဘယ်လိုလုပ်ရမလဲ??

သူက ပြုံးလိုက်သည်။ သူ့ရဲ့ ပလန်အေဖြစ်တဲ့ အမေ့ရောဂါကို အကြောင်းပြပြီး J နိုင်ငံမှာ ကုသမှုခံယူဖို့ ဆရာ၀န်ကောင်းရှိကြောင်း ပြောရင်း ပြောင်းရွှေ့ဖို့ လုပ်မလို့ကို... အခုတော့ လုပ်လို့မရတော့‌ပေ။

အဲ့တော့ ပလန် ဘီကို သွားမယ်... အဖေ့ကို အိမ်ပြောင်းဖို့က သူ့အကြံလိုမျိုး လုပ်ခိုင်းမယ်။
“အဖေနဲ့အမေ၊ ဒီအိမ်မှာ မွန်းကြပ်တယ်လို့ မထင်ဘူးလား? သူ့ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုတယ်လေ... အလုပ်တွေ လုပ်နေလို့ မဖြစ်ဘူးထင်တယ်” ရူဒရာ က မေးလိုက်သည်။

“ဒါပေါ့ ဒါပေါ့ သူ့ကို အိမ်အကူ ခေါ်ဖို့ ပြောပေမယ့် မင်းအမေက အိမ်နီးနားချင်းတွေက မနာလိုဖြစ်ပြီး မက်စ်လေးကို အန္တရာယ်ပြုမှာ ကြောက်တယ်တဲ့”

မက်စ် လေးက အပြစ်ကင်းစင်စွာ သူ့အဖေမျက်နှာကို မော့ကြည့်လိုက်သည်။ အခြေအနေကို နားလည်ပုံမရပေ။
“??????” မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေသည်။

ရူဒရာ နှလုံးသား အရည်ပျော်သွားသလိုပင် ‘ဘယ်သူ့မှ သားညီလေးကို အန္တရာယ်မပြုပါဘူး’ စိတ်ထဲကနေ ပြောလိုက်သ်ည။

ကိုယ့်နေရာမှာကိုယ်နေပြီး မလုံခြုံသလို ခံစားရတာ ၀မ်းနည်းစရာကောင်းပေမယ့် ၂၁၀၀ ခုနှစ်မှာ အိမ်ဖော်ဆိုတာ ကြီးကြီးတက်ချမ်းသာတဲ့ သူတွေပဲ တတ်နိုင်တာမျိုးဖြစ်သည်။ ရာဂျ်ပွဒ် အိမ်မှာသာ အိမ်အကူရှိရင် ပတ်၀န်းကျင်က လူတွေက မနာလို ဖြစ်လာကြလိမ့်မည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ