အခန်း ၀၆၂ ။ တိုက်ပွဲ (၁)

60 4 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း ၀၆၂ ။ တိုက်ပွဲ(၁)


"ငါတို့အတွက် ငါတို့ လောင်းကြေးထပ်ရအောင်.... ကမ္ဘာပေါ်မှာ စိတ်အချရဆုံး ရင်းနှီးမြှုပ်နှံမှုက ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံတာပဲ။ ကိုယ့်ကိုကိုယ်လည်း စိတ်မပျက်စေရဘူး‌ပေါ့၊ ပြီးတော့ ငါတို့ နိုင်မှာ ၉၉ရာခိုင်နှုန်းသေချာတယ်" ရူဒရာက ပြောလိုက်သည်။

အကုန်လုံးက ငြိမ်သက်နေကြသည်... ဘာလို့ ဂိုဏ်းခေါင်းဆောင်က ဒီလောက်ယုံကြည်မှုတွေ ရှိနေရတာလဲ? ငါတို့ မသိတဲ့ တစ်ခုခုကို သူ သိထားတာလား? ရူဒရာက အရူးမဟုတ်တာ သူတို့သိသည်။ သူ့မှာ ဒီလောက် ယုံကြည်မှုရှိနေတာ အကြောင်းအရင်းတစ်ခုခုတော့ ရှိရမည်။ အကုန်လုံးက စိတ်တက်ကြွလှုပ်ရှားလာကြသည်...တကယ်ပဲ ငါတို့ နိုင်နိုင်ခြေရှိနေတာလား ...

စိတ်ဓာတ် တက်ကြွလာအောင် လုပ်ပြီးနောက် ရူဒရာက နည်းဗျူဟာကို စတင်ဆွေးနွေးတော့သည်။ နည်းဗျူဟာ အကုန်လုံးကို အသေးစိတ်ကျကျ စစ်ပွဲမစခင် တစ်နာရီအလိုမှာ စိတ်ချရတဲ့ ခန်းမထဲတွင်း ရှင်းပြသည်။

ရူဒရာက စပိုင်တွေကို သတိထားသည်.. အကုန်လုံးက ရိုးသားကြပေမယ့် ဘယ်သူက ဘယ်အချိန်မှာ သစ္စာဖောက်မလဲ မသိနိုင်ပေ... အဲ့တော့ သူက တာ၀န်ရှိတဲ့ ဗျူဟာအပိုင်းအစကိုသာ သက်ဆိုင်ရာ အဖွဲ့ကို ပြောပြပြီး ဗျူဟာတစ်ခုလုံးကို သူနဲ့ ခါနာသာသိသည်။

အကုန်လုံးက စစ်ပွဲဗျူဟာနဲ့ ပတ်သတ်ပြီး နည်းနည်းပဲ သိရတဲ့အတွက် ကြောင်အသွားသည်။ သူတို့ဂိုဏ်းခေါင်းဆောင်က ဘာကဒ်တွေလျှို့ဝှက်ထားတာလဲ.... ဒါက ခေါင်းဆောင်ရဲ့ အရည်အချင်းလား? ရန်သူက တိုက်ပွဲနေရာကို ကွင်းပြင်ကို ရွေးပြီးသတ်မှတ်မယ်ဆိုတာ ရူဒရာအတွက် ၇၅ ရာခိုင်နှုန်းသေချာသည်။ ဘာပုန်းစရာနေရာမှ မရှိတဲ့ ကွင်းပြင်ကို ရွေးလိမ့်မည်။ ဂိုထောင်အလွတ်နဲ့သာဆို သူတို့လူအရေအတွက်ကို အပြည့်အ၀ အသုံးချလို့ရမှာ ဖြစ်သောကြောင့် ဖြစ်သည်။

ရူဒရာက ဒီဗျူဟာကို ဗုံးတွေအသုံးချပြီး တိုက်ခိုက်မည်ဖြစ်သည်။ သူတို့တိုက်ကွက်ပုံစံက ဗုံးပေါက်ကွဲမှုတွေကြောင့် ဖိအားဒဏ်ဖြစ်ကာ ဖရိုဖရဲတွေ စဖြစ်လာလိမ့်မည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora