သရုပ်မှန်

179 20 0
                                    

[Unicode]
အသန်မာဆုံးဂိုဏ်းသခင်
အခန်း ၀၂၁ ။ သရုပ်မှန်

ခရမ်းမြူမြို့ကို ပြန်ပြီးနောက် ရူဒရာက ကြယ်၅ပွင့်ဟိုတယ်ကို အမြန်ရှာလိုက်သည်။ တစ်ညကို ရွှေဒဂါးပြား ၇ ပြား ကုန်ကျပေမယ့်လည်း သူ ဒီနေ့ အကြာကြီး ထွက်နေမှာမို့ နေလိုက်သည်။

ရူဒရာအတွက် အခုအချိန်တွင် လုံခြုံစွာနေနိုင်မည့်နေရာလိုအပ်သည်။ ရူဒရာက တိုင်းပြည် X က ဆိုပေမယ့် ပြိုင်ဘက်အက်ဗန်နီက ထိုနေရာကို ဗိုလ်စွဲထားသည်။

အဲ့တိုင်းပြည်က ဘယ်အရာရှိကမှ သူ့ကို ကူညီပေးမည်မဟုတ်ပေ။ အကောင်းဆုံးအခြေအနေကတော့ မစ်စတာအက်ဗန်နီအတွက် သူ့အပေါ် လက်စားချေမှာဖြစ်ပြီး အဆိုးဆုံးကတော့ သူ တစ်ခါမှ မကျူးလွန်ခဲ့ဖူးတဲ့ အပြစ်တွေ ပုဒ်မတွေနဲ့ ထောင်နဲ့ထည့်မှဦ ဖြစ်သည်။

သူ့အတွက် အလုံခြုံဆုံး အကောင်းဆုံး အစိုးရရှိသည့် တိုင်းပြည် J ကို ပြောင်းဖို့ စီစဉ်လိုက်သည်။ (စာကြွင်း ယူရာ သည် တိုင်းပြည် J တွင် ရှိသည်)  တိုင်းပြည်J မှာ T မြို့ဆိုတဲ့ သူဌေးတွေနေတဲ့ နေရာတစ်နေရာရှိသည်။ အဲ့နေရာက အိမ်တွေရဲ့ စျေးက ၂၀၀ မီလီယမ်ဒေါ်လာက စသည်။ ထိုနေရာကို အပေါ်ပိုင်းလို့ ခေါ်ပြီး လုံခြုံရေးလည်း တင်းကြပ်ထားသည်။ ၀င်ခွင့်ရတဲ့ သူကိုလည်း အထူးကန့်သတ်ထားသည်။ ထိုနေရာက နည်းပညာကောင်းတွေနဲ့ လုံခြုံရေးတွေရှိပြီး လူအင်အားတို့ ဒရုန်းတို့ ၀င်လို့မရပေ။ မလိုချင်တဲ့သူတွေ မလာစေချင်တဲ့သူတွေက လွယ်လွယ်နဲ့ ၀င်လို့ရတဲ့ နေရာမဟုတ်ပေ။

ဒီတင်းကြပ်တဲ့ လုံခြုံရေးက ထရီလီယမ်နာ ၆ယောက်တည်းက တစ်ယောက်တည်း စီစဥ်ထားခြင်းဖြစ်သည်။ တိုင်းပြည် J ကိုယ်တိုင်တောင်မှ ဒီလိုလူမျိုးတွေကို မထိရဲပေ။ တကယ့်ပြဿနာက ပိုက်ဆံရှိလို့ ထိုနေရာမှာ အိမ်၀ယ်ရင်တောင် သူ့ကို လက်ခံကြပါ့မလား?

လက်ခံခွင့်ရမယ့် တခုတည်းသော အခွင့်အရေးက သူ့ရဲ့ Omega ဂိမ်းက ရှာခူနီဆိုတဲ့ သရုပ်မှန်ကို ထုတ်ပြရန်သာရှိသည်။ ဒါပေမယ့် သူအဲ့လို မလုပ်ချင်ပေ။ သူ့မှာ တခြားရွေးစရာလည်း မရှိပေ။ လူတွေက ငွေအားရော လူအားရော ထုတ်သုံးပြီး သူ့အကြောင်းကို လေ့လာဖော်ထုတ်ကြဖို့က အချိန်ပဲ လိုတော့သည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora