အခန်း ၀၅၁ ။ စာမေးပွဲ

73 8 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း၀၅၁ ။ စာမေးပွဲ


ရူဒရာက Tier အဆင့်တက်စာမေးပွဲ ခန်းမထဲသို့ ၀င်သွားသည်.... အမျိုးအစားတိုင်းက သူတို့မူပိုင် ကြီးကြပ်အမှတ်ပေးသတ်မှတ်ချက်များ ရှိသည်.... သူရဲကောင်းများအတွက်တော့ အကုန်လုံးကို စစ်ဆေးတာ ဖြစ်သည်။ အခြေခံဇယား ငါးခုလုံးကို စစ်ဆေးတာဖြစ်သည်။

‌မှော်ဆရာတွေအတွက်ကတော့ သူတို့ရဲ့ ခန္ဓာကိုယ်အင်အားထက် ဦးနှောက်စွမ်းအားက ပိုအရေးကြီးသည်။ ထို့နော်က မှော်စွမ်းအင်ကလည်း အရေးကြီးသည်။ သူတို့က ထိုနေရာများနှင့်ပတ်သတ်ပြီး စစ်ဆေးခံရသည်။

သို့သော် သူရဲကောင်းတွေကတော့ အကုန်လုံး စစ်ဆေးတာကို ခံရသည်။ အခြေခံဇယားအကုန်လုံးအတွက် အဆင့်သတ်မှတ်ချက် သုံးခုရှိသည်။ အဆင့် ၁၅ခုလုံး ပြီးမြောက်နိုင်လျှင် SSS အဆင့်ကို ရရှိမည်ဖြစ်သည်။ ၁၄ ခု ပြီးမြောက်ပါက SS , ၁၃ခု ပြီး‌မြောက်ပါက S, ၁၀ မှ ၁၂ ကြားရရှိပါက A, ၇မှ ၉အထိ ပြီးမြောက်ပါက B , ၆-၇ အထိပြီးမြောက်ပါက C, ၅ ထိ ပြီး‌မြောက်ပါက D ကျန်တဲ့ အဆင့်များသာ ရရှိပါက စစ်‌ဆေးချက်ကျရှုံးမည်ဖြစ်သည်။

ရူဒရာက ဒီစမ်းသပ်ချက်အတွက် စိတ်ကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။ အရင်ဘ၀အတွေ့အကြုံများကြောင့် အသိဉာဏ်အချက်အလက်များတော့ သိသည်။ သို့သော် ဒီမစ်ရှင်များကို ပြီးဖို့အတွက် သူကိုယ်တိုင် ကြိုးစားမှလည်း ဖြစ်မည်။

ပထမဆုံး မစ်ရှင်က သက်လုံအားအပေါ် စစ်မှာဖြစ်ပါတယ် အဆင့်တစ်က စက္ကန့် ၃၀ ကြာမှာဖြစ်တာကြောင့် ပြင်ဆင်ထားပါ စွန့်စားသူ စစ်စတမ်ဘဲလ်သံ မြည်လာသည်။

ရူဒရာက အဖြူရောင်ရှည်လျားတဲ့ ခန်းမထဲကို ရောက်သွားသည်။ အလယ်တွင် အမည်းရောင်လိုင်းက အဆုံးမရှိသွးနေသည်။ ဒီခန်းမထဲကနေ သူထွက်လို့မရပေ။ ဘယ်လိုကြမ်းပြင်ပေါ်ပဲ ရပ်နေရပ်နေ ဘယ်ကို ၃ မီတာ ရွှေ့လည်း မသေချာပေ။ အရမ်းကို အခန်းက ဖြူစွတ်လွန်းနေတော့ ရူဒရာ မျက်လုံးတွေကပါ ထိခိုက်လာသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant